မန္တလေးသို့ သွားနေသည်ျွှင့် အခြား အ တွေးစာစုများ

မနှင်းဖွေး

600 Kyats ကျပ်
ဝတ္ထုတို အရေးကောင်းတဲ့ ဆရာမ မနှင်းဖွေးရဲ့ အက်ဆေးစာအုပ်လေး ဖြစ်ပါတယ်။ အတွေးစာစုများလို့ ဆရာမက အမည်ပေးထားပေမဲ့ ဝတ္ထုဆန်ဆန်၊ အတွေးရသဆန်ဆန်၊ အက်ဆေးလေးတွေကို ခံစားကြရမှာပါ။ ဒီစာအုပ်မှာ အက်ဆေး (၁၆) ပုဒ်တိတိ ပါဝင်ပြီး တစ်ပုဒ်နဲ့ တစ်ပုဒ် တွေးစရာမတူ၊ ရသမတူ၊ သုတကွဲပြားတဲ့ အရသာတွေကို ခံစားကြရမှာ ဖြစ်ပါတယ်။ ‘ဤဝတ္ထုမကျ၊ ဆောင်းပါးမက၊ အက်ဆေးဟုလည်း မဆိုဝံ့သည့် စာစုလေးများကို ကျွန်မ Health for All နှင့် Eternal Light မဂ္ဂဇင်းတို့တွင် လွန်ခဲ့သော နှစ်အနည်းငယ်က တစိုက်မတ်မတ် ရေးသားဖြစ်ခဲ့သည်။ ကျွန်မ၏ အတွေးအမြင်၊ ကျွန်မ၏ စိတ်ကူးပုံရိပ်၊ ကျွန်မ၏ စေတနာတို့ကို စေ့ဆော်ရာ ပြယုဂ်အဖြစ် ကျွန်မ တတ်စွမ်းသလောက်သော အနုပညာဖြင့် ပုံဖော်ဖွင့်ဆိုခဲ့ခြင်း သက်သက်သာ ဖြစ်ပါသည်’ လို့ ဆရာမက ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမှာစာမှာ ဆိုထားပါတယ်။ ဒါ့အပြင် ဝါရင့်အက်ဆေးဆရာနှစ်ဦးဖြစ်တဲ့ ဆရာမောင်ရင့်မာ (ကျောင်းကုန်း) နဲ့ ဆရာမင်းချမ်းမွန်တို့ကလည်း မေတ္တာအမှာစာတွေနဲ့ ဖွင့်လှစ်ပေးထားပါတယ်။ ဆရာမ မနှင်းဖွေးရဲ့ အက်ဆေးချိုချိုလေးတွေက စာချစ်သူတို့ကို ဘယ်လို သုတ၊ ရသ ခံစားမှုတွေ ပေးသွားမလဲ ဆိုတာကိုတော့ …