ဘဝရောင်စုံ လူရောင်စုံ ဝတ္ထုတိုများ

မနှင်းဖွေး

600 Kyats ကျပ်
ဆရာမ မနှင်းဖွေးဆိုတာ ဝတ္ထုတိုပရိသတ်တွေ သတိတရ စောင့်ဖတ်ရလောက်အောင် ဝတ္ထုတို ဖန်တီးမှု အားကောင်းတဲ့ ကလောင်တစ်လက်ပါ။ ဝတ္ထုတိုကောင်းတစ်ပုဒ်ဆိုတာ အလွန်လက်ရာမြောက်တဲ့ ပန်းချီကျော်တစ်ယောက်ရဲ့ လက်ရာကောင်း ပန်းချီကားတစ်ချပ်လိုပါပဲ။ အနီးအဝေး၊ အလင်းအမှောင် ချိန်ဆရိုက်ကူးတတ်တဲ့ ဓာတ်ပုံဆရာကောင်းတစ်ယောက်ရဲ့ လက်ရာ ဓာတ်ပုံလိုပါပဲ။ ရသစာကောင်း တစ်ပုဒ်ဆိုတာ လူသားတို့ရဲ့ ရိုင်းပြကြမ်းတမ်းတဲ့ စိတ်တွေကို သိမ်မွေ့နူးညံ့စေပါတယ်။ မာကျောတဲ့ နှလုံးသားတွေကို ပျော့ပျောင်းစေပါတယ်။ လောကကို ကျေးဇူး ဖြစ်ထွန်းစေနိုင်ပါတယ်။ ရသစာကောင်းတွေ စည်ပင်ပြန့်ပွားရေးကို အားပေးခြင်း၊ ပံ့ပိုးခြင်းဖြင့် ရိုင်းနေတဲ့စိတ်၊ ကြမ်းတမ်း မာကျောနေတဲ့ နှလုံးသားတွေကို သိမ်မွေ့နူးညံ့ ယဉ်ကျေးစေနိုင်ပါတယ်။ ဆရာမ မနှင်းဖွေးရဲ့ ‘ဘဝရောင်စုံ လူရောင်စုံ’ ဆိုတဲ့ ဒီဝတ္ထုတိုစုတွေကလည်း ဝတ္ထုတိုကောင်း၊ ရသစာပေကောင်းကို နှစ်ခြိုက်သူတွေအတွက်တော့ အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက်ကို စားသုံးရသလို အာသီသ ပြည့်ဝစေမှာ အသေအချာပါပဲ။