ကော်ဖီသောက်တိုင်း ငါးရိုးစူးတယ်

မှူးသစ်

600 Kyats ကျပ်
...ကဗျာဆရာ မှူးသစ် ရေးသားခဲ့တဲ့ ကဗျာတွေနဲ့ အက်ဆေးအချို့ကို စုစည်းပြီး ထုတ်ဝေထားတဲ့ ကော်ဖီသောက်တိုင်း ငါးရိုးဆူးတယ် (ကဗျာ/အက်ဆေး) စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ဟာ ကဗျာဆရာ မှူးသစ် အနေနဲ့ စတုတ္ထမြောက် ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပေမယ့် ကဗျာနဲ့အက်ဆေး ရောယှက်စုစည်းမှုကတော့ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ကဗျာအပုဒ်ရေ (၄၀) နဲ့ အက်ဆေး (၇) ပုဒ် ပါဝင်ပါတယ်။ ကဗျာတွေထဲမှာတော့ ရေပေါ်ဆီတီရှပ်၊ အကြမ်းဖက်နေတဲ့ကမ္ဘာ၊ ခင်ဗျားတို့ ဘယ်လိုလူတွေလဲ၊ ဆိုက်ကို၊ အန္တရာယ်ဇုန်အတွင်းမှ ဂြိုဟ်သားတစ်ကောင်သို့ အထူးမှာကြားခြင်း စတဲ့ ခေတ်တစ်ခုကို ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ထင်ဟပ်တဲ့ ကဗျာမျိုးတွေ ပါဝင်နေသလို၊ အဲဒီ ညနေခင်းလေးမှာ ညီမလေး မသိအောင်ပဲ ကိုယ် တိတ်တိတ်လေး ဖျားနေခဲ့တယ်၊ ချစ်ခြင်းမေတ္တာရယ်၊ ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ ပွန်းပဲ့ပါသွားခဲ့တယ်၊ သူရဲကောင်းဆန်ချင်တဲ့ ဆန္ဒ စတဲ့ ကဗျာတွေလိုမျိုး ချစ်ခြင်းမေတ္တာကို ရည်ညွှန်းမှုတွေလည်း ပါဝင်ပါတယ်။