ဘောလုံးကျွမ်းကျင်မှု

မျိုးမင်းရန်အောင်

600 Kyats ကျပ်
ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ ဘောလုံးအားကစားကို လူတော်တော်များများ စိတ်ဝင်စားကြတယ်။ တချို့က ကိုယ်တိုင်ကန်ကြတယ်။ တချို့က ဘောလုံးပွဲကြည့်ရတာကို ဝါသနာပါကြတယ်။ ကလပ်အသင်းတွေ၊ ဘောလုံးကစားသမားတွေကို ကိုယ်ပိုင်အမြင်နဲ့ ပိုင်းခြားပြီးအားပေးကြတယ်။ ဒါပေမဲ့ ... ကစားတဲ့နည်းစနစ်တွေ၊ ကလပ်အသင်းတွေရဲ့ ဖွဲ့စည်းပုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ မန်နေဂျာတွေအကြောင်း၊ နောက်ခံသမိုင်းကြောင်းတွေ အားလုံးကို ဗဟုသုတအဖြစ် သိနားလည်ထားသူကတော့ နည်းတယ်။ ⚽ ဒီလို အကြောင်းအရာတွေကို သိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ပါလို့ ပြောရမှာပဲ။ ဒီစာအုပ်ထဲမှာ ဘောလုံးနဲ့ပတ်သက်တာ တော်တော်များများပါတယ်။ စာတွေတင်မဟုတ်ဘူး ဘောလုံးကန်တဲ့ နည်းစနစ်၊ စည်းမျဉ်းတွေကို ရုပ်ပုံတွေနဲ့ ရှင်းပြထားလို့ နားလည်လွယ်တယ်။ ဘောလုံးဝါသနာအိုးတွေ အတွက်တော့ တကယ်ကိုတန်ဖိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။