ဆယ့်နှစ်ကြိုးနှင့် ဝမ်းတွင်းစုန်း

မျိုးချစ်

300 Kyats ကျပ်
ကံရွာဆိုတာ မြို့နဲ့နီးတာကြောင့် အတော်လေးစည်ကားပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ရွာတစ်ရွာပါ။ ကံရွာမှာ ရေတွင်းရေကန် ပေါများပြီး ရွာကို သုံးပိုင်းပိုင်းခြားထားပါတယ်။ အဲဒီရွာမှာ ဗမာလူမျိုးနဲ့ ကရင်လူမျိုးတွေ အများစု နေထိုင်ကြတယ်။ အဲဒီရွာမှာ ပညာသည်တွေ များတယ်။ အထက်လမ်း၊ အောက်လမ်း၊ စုန်း၊ ကဝေ … စုံနေတာပါပဲ။ မကျေနပ်တဲ့သူရှိရင် အဲဒီလူစားမယ့်အစာကို အပင်းတိုက်၊ ဗိုက်နာလို့ မနေနိုင် မထိုင်နိုင် ဖြစ်တဲ့အခါ ဆရာပင့်ပြလို့ ဆရာက ပညာစွမ်းနဲ့ အပင်းထုတ်မှ ဗိုက်ထဲကနေ ဆံပင်အထွေးလိုက် ပြန်အန်ထွက်တာတို့၊ အသားစိမ်းတွေ ပြန်အန်ထွက်တာတို့၊ အမျိုးမျိုးပါပဲ။ ဒီအထဲမှာမှ မျိုးချစ်ဆိုတဲ့ ကလေးလေးဟာ သူ မကျေနပ်တဲ့သူကို ပြုစားဒုက္ခပေးနိုင်တဲ့ အစွမ်းရှိနေတာ အံ့သြစရာ။ ဒါကို ရိပ်စားမိသွားတဲ့ ဆရာက မျိုးချစ်ကို စစ်ဆေးတဲ့အခါ ဝမ်းတွင်းစုန်း ပညာသည်လေး ဖြစ်နေတာကို သိရှိသွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ … ။