ယမမင်းစစ်တမ်းနှင့် ငရဲကြီးရှစ်ထပ်ကျမ်း

မုံရွာစန်းမောင် (သုဓမ္မမဏိဇောတဓရ)

600 Kyats ကျပ်
လူတစ်ဦးသေလွန်ပြီးနောက် မိမိတို့ပြုလုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် ငရဲပြည်၊ မရဏပြည်များကိုရောက်ရကြောင်းနဲ့ ငရဲသို့ ကျရောက်သူများဟာ ဘုရားရှင်အားဖူးတွေ့ခွင့်မရနိုင်သလို ငရဲမီးရဲ့ အရှိန်တညီးညီးတောက်လောင်မှုကိုလည်း ခံကြရကြောင်း ယုံကြည်ကြပါတယ်။ ဒါကြောင့် ငရဲပြည်ရောက်ရင် အမှန်ဧကန်တွေ့ရမှာက ယမမင်းပါ။ အသက်ရှင်စဉ်အခါတုန်းက မကောင်းမှုပြုလုပ်ခဲ့သူများဟာ သေလွန်ပြီးတဲ့အခါ သက်ဆိုင်ရာငရဲကို ကျခံရပုံများ၊ ငရဲမကျမီ ယမမင်း၏ စစ်ဆေးမေးမြန်းချက်များကို မည်ကဲ့သို့ခံယူရပုံများကို ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်များကို အခြေခံပြီး ဗဟုသုတရဖွယ်တင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ စာအုပ်အမည် "ယမမင်းစစ်တမ်းနှင့် ငရဲကြီးရှစ်ထပ်ကြမ်း" ဖြစ်ပြီး စာရေးဆရာ မုံရွာစန်းမောင်(သုဓမ္မမဏိဇောတဓရ) ကပြုစုရေးသားထားခြင်း ဖြစ်ပါတယ်။ စာချစ်သူတို့အတွက် ဘာသာရေး အသိပညာဗဟုသုတ တိုးပွားစေလိုသော စိတ်ရင်းစေတနာဖြင့်တင်ပြလိုက်ပါတယ်ရှင်။