အချစ်စစ်စစ်

မိုးဆက်လင်းထက်

600 Kyats ကျပ်
မီကိုက ထိတ်ထိတ်ကြဲမင်းသမီး၊ ကြော်ငြာလောကမှာလည်း တကယ့်ကို လျှမ်းလျှမ်းတောက်။ တစ်နေ့တော့၊ မီက သူလမ်းမှာကားပျက်လို့ အကူအညီတောင်းတဲ့အခါ အကူအညီမပေးတဲ့အပြင် ဘုတောလွှတ်လိုက်တဲ့လူနဲ့ သွားတိုးတယ်။ အဲဒီလူက လည်ကတုံးဝတ်၊ နွမ်းနွမ်းလျလျ၊ မျက်လုံးသေကြီးတွေနဲ့ ကုမ္ပဏီပိုင်ရှင်ကြီးတစ်ယောက်။ ခက်တာက၊ သူဟာ မင်းသမီးတွေဆိုရင် အရမ်းမုန်းနေတဲ့လူ။ ကုမ္ပဏီပိုင်ရှင်က စုတ်ပြတ်သတ်နေအောင် နေတဲ့နောက်ကွယ်ကအကြောင်း၊ မီကိုနဲ့ သူတို့နှစ်ယောက်ရဲ့ ရေစက်ကရော ဘယ်လောက်အထိ အမျှင်တန်းလာမလဲ ! စိတ်ဝင်စားစရာချည်းပဲမို့ ဖတ်သာကြည့်လိုက်တော့ဗျို့ !