မှော်ဝင်ပန်းချီကား

မီးမီး(လားရှိုး)

200 Kyats ကျပ်
ဒီဇာတ်လမ်းလေးက ရှမ်းပြည်နယ်၊ ပန်ဟိန်းကျေးရွာမှာ အပန်းဖြေသွားတဲ့ အိုက်စိုင်း ကြုံခဲ့ရသမျှ ဇာတ်လမ်းတစ်ပုဒ်ပါ။ သူကပန်းချီဆွဲတာ ကျွမ်းကျင်တယ်။ သရဲတစ္ဆေကိုလည်း လုံးဝအယုံအကြည်မရှိဘူး။ သရဲတစ္ဆေဆိုတာ လူတွေစိတ်ထဲ ထင်နေတဲ့အရာက လူတွေကို ခြောက်လှန့်နေတာလို့ ခံယူထားတဲ့သူ။ ဒါနဲ့ သူက ရွာကျောင်းက ကျောင်းဆရာတစ်ယောက်နဲ့ ခင်မင်ပြီး ပန်းချီပုံတူကားတစ်ချပ် ရေးဆွဲဖို့ လက်ခံလိုက်တယ်။ ပုံက ဆရာမတစ်ယောက်နဲ့ ကျောင်းသူ၊ ကျောင်းသားငါးယောက် ကျောင်းဆုပေးပွဲမှာ ရိုက်ထားတဲ့ပုံပါ။ အဲဒီဓာတ်ပုံကို ပုံတူပန်းချီရေးဆွဲဖို့ လက်ခံပြီးတဲ့နောက်မှာတော့ အိုက်စိုင်းတစ်ယောက် ချောက်ချားစရာတွေ စတင် ကြုံတွေ့လာရတဲ့အခါ ..