မာလာဆောင် ပြည်လမ်းရှေ့မှာ

မိုးစွေ

200 Kyats ကျပ်
‘မာလာဆောင်နဲ့ ပတ်သက်လို့ … ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ် … ပုံပြင်ထဲက ဇာတ်လိုက်ကြီး … ဘယ်သူလဲလို့ မမေးပါနဲ့ …’ ဆိုတဲ့ သီချင်းလေး ကြားဖူးကြတယ် မဟုတ်လား။ မာလာဆောင်၊ ပြည်လမ်းနဲ့ ပတ်သက်တဲ့ ‘အဆောင်သရဲ’ ဆိုတဲ့ သီချင်းလေးလေ။ အချစ်စွဲ၊ သမုဒယ အစွဲတွေနဲ့ သေလွန်ပြီးနောက်မှာ မကျွတ်မလွတ်ဖြစ်ပြီး သရဲအဖြစ်နဲ့ စွဲငြိရာ ပတ်ဝန်းကျင်မှာ တဝဲလည်လည်ဖြစ်နေရသူ တစ်ယောက်အကြောင်း ဖြစ်ရပ်မှန် ရေးဖွဲ့ထားတဲ့ သီချင်းလေးပေါ့။ ဒီသီချင်းလေးထဲကလိုပဲ မာလာဆောင် ပြည်လမ်းရှေ့မှာ အစွဲတစ်ခုကြောင့် မကျွတ်မလွတ်ဖြစ်ပြီး ညညဆို ဂစ်တာလာတီးတတ်တဲ့ သရဲအကြောင်းကို ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ ထိတ်လန့်ချောက်ချားစရာ ခံစားမှုတွေနဲ့ ဖတ်ရှုကြရမှာပါ။ စိတ်စွဲလန်းမှုဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲ ဆိုတဲ့ သံဝေဂယူစရာတွေနဲ့အတူ ကြက်သီးတဖြန်းဖြန်း ဖတ်ရှုခံစားကြရမယ့် ပရလောကနောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်မို့ စာချစ်သူတို့ အကြိုက်တွေ့ကြမှာ သေချာပါတယ်နော်။