ဦးနောက်ပျက်နေတဲ့ မိစ္ဆာ

မိုးစွေ

200 Kyats ကျပ်
ပြင်ဦးလွင်ဆိုတာ မြန်မာနိုင်ငံရဲ့ မြို့တွေထဲက နေချင်စရာကောင်းတဲ့ မြို့လေးတစ်မြို့။ ‘ချယ်ရီမြိုင် ထင်းရှူးတန်းနဲ့ စိန်ပန်းတစ်ရာ ပန်းမြို့တော်’ လို့ တင်စားကြတဲ့ နှင်းငွေ့လွှမ်းတဲ့ ပန်းမြို့တော်။ ဒီမြို့လေးဆီ ခင်ပွန်းသည် တာဝန်ကျတဲ့အတွက် လိုက်ပါလာရတဲ့ မေနှင်းတို့ သားအမိနှစ်ယောက်ကတော့ ပျော်ရွှင်နေကြပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက် လိုင်းခန်းတွေ စီစဉ်ပေးပေမဲ့ မေနှင်းတို့က စီးပွားရေးလည်း အဆင်ပြေ၊ လွတ်လွတ်လပ်လပ်လည်း နေချင်တာမို့ ကိုယ့်ဘာသာ အိမ်ကလေးတစ်အိမ်ငှားပြီး နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အိမ်ကလေးက တစ်ထပ်တိုက်ပုလေးဖြစ်ပြီး ကိုယ့်ခြံကိုယ့်ဝင်းနဲ့မို့ အဆင်ပြေမယ် ထင်ခဲ့ကြပေမဲ့ နေရာသစ်၊ ဒေသသစ်မှာ သူတို့အတွက် အတွေ့အကြုံသစ်တွေနဲ့အတူ ထင်မှတ်မထားတဲ့ ပြဿနာတွေက စောင့်ကြိုနေတဲ့အခါ …