လမိုင်းရွာ

မိုးစွေ

200 Kyats ကျပ်
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို မြန်မာနိုင်ငံရဲ့ အရပ်ဒေသ အနှံ့အပြားက တောရွာ နယ်မြို့တွေမှာ မတူကွဲပြားတဲ့ ဓလေ့တွေ၊ အမူအကျင့်တွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေ တစ်မျိုးစီ ရှိတတ်ကြပါတယ်။ ဒီလို မတူကွဲပြားတဲ့ ဓလေ့ထုံးစံတွေကနေ ဖြစ်ပျက်ခဲ့တဲ့ ချောက်ချောက်ချားချား ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကလည်း ပြောမယုံ ကြုံဖူးမှသိ ဆိုသလို ထူးဆန်းအံ့သြစရာကောင်းတာ အမှန်ပါပဲ။ ဒီရွာကလေးရဲ့ နာမည်က လမိုင်းရွာတဲ့။ လမိုင်းရွာကလေးမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ အဓိက ဝါသနာကတော့ လောင်းကစားမှုကို အလွန်အကြူး ခုံမင်ကြတာပဲ။ အသုဘ၊ ရှင်ပြု၊ ဘုန်းကြီးဆွမ်းကပ်၊ အလှူမင်္ဂလာဆောင်က စလို့၊ ကလေးကင်ပွန်းတပ်အထိ လောင်းကစားပွဲ ကျင်းပကြတဲ့ ရွာ။ လောင်းကစားမှာမှ အထူးသဖြင့် ဖဲဝိုင်းထောင်တာကို အဓိက ဝါသနာကြီးကြတဲ့ ရွာသားတွေပေါ့။ ဒါပေမဲ့ အဲဒီရွာသားတွေက လောင်းကစားကလွဲရင် သူတစ်ပါးဥစ္စာပစ္စည်းကို ခိုးဝှက်တာတွေ ဘာတွေ မလုပ်ကြဘူး။ လုပ်ရဲသူလည်း မရှိဘူး။ လုပ်ရဲလို့ လုပ်ပြီးရင် ခံရမှာကို သိနေကြလို့ပဲ။ တစ်ညမှာတော့ ဖဲရှုံးပြီး ပြန်လာတဲ့ လူသုံးယောက်ဟာ ဒေါ်သန်းအေးဆိုတဲ့ မိန်းမကြီး မွေးထားတဲ့ ဝက်ကလေးကို မျှားခေါ်ပြီး သတ်စားလိုက်ကြတယ်။ ဆယ့်နှစ်ကြိုးကဝေလို့ ခေါ်ကြတဲ့ ဒေါ်သန်းအေးကြီးက ဝက်ကလေးကို သားတစ်ယောက်လို သဘောထားမွေးထားတာ။ ဝက်ကလေး သေသွားပြီဆိုတာ သိတဲ့ ဒေါ်သန်းအေးတစ်ယောက် သူ့ဝက်ကလေးကို သတ်စားလိုက်တဲ့သူတွေကို အောက်လမ်းပညာနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါရဲ့။