တီးဖိုးလေးနှင့် ခွေးပြေး ဝက်ပြေး

မိုးစွေ

200 Kyats ကျပ်
ပြဿနာကို မီးမွှေးရှာတာက ငတီး။ တီးဖိုးဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းမှာ ဝင်ထိုင်တယ်။ အရက်မသောက်ဘဲသူက အမြည်းစားတယ်။ အဲဒီမှာ သူငယ်ချင်းဖြစ်တဲ့ ညီကျော်နဲ့ကိုရဲက သရဲတစ္ဆေအကြောင်းပြောလာတယ်။ ကိုရဲက သရဲခြောက်ခံရတာ ကြုံဖူးတယ်။ ဒီတော့၊ မစမ်းနဲ့ ဘာညာဆိုပြီး ပြောတာပေါ့။ အဲဒါကို ညီကျော်ကမယုံဘူး၊ မကြောက်ဘူးနဲ့ ပြန်ပြောနေတုန်း ကိုလာသောက်ပြီးမမူးတဲ့ တီးဖိုးက သရဲခြောက်လှန့်တာ ကြမ်းတယ်ဆိုတဲ့ အိမ်ကိုညွှန်ပေးပြီး စိန်သွားခေါ်ကွာဆိုပြီး ညီကျော်ကို ပြောလိုက်တယ်။ အဲဒီကစလို့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုခွေးပြေးဝက်ပြေးပြေးရမလဲဆိုတာ ဖတ်ကြည့်လိုက်တော့ဗျိုက !