တီးဖိုးလေးနဲ့ ကိုယ်တွေ့ ပရလောက

မိုးစွေ

200 Kyats ကျပ်
တီးဖိုးလေး ဆိုတာ လူတစ်ယောက်ရဲ့ နာမည်။ ဘယ်လိုနာမည်လဲဆိုတော့ နာမည်ပြောင်ပေါ့နော်။ တီး (Tea) ဆိုတဲ့ လက်ဖက်ရည်ဖိုးတောင် အမြဲပြတ်လပ်နေတဲ့သူမို့ သူ့ကို ရုံးကလူတွေက တီးဖိုးလေးလို့ ပြောင်နောက်ပြီး ခေါ်ကြတဲ့ နာမည်ပါ။ သူက ရန်ကုန်အခြေစိုက် မြေတိုင်းလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရုံးဝန်ထမ်းတစ်ယောက်။ တစ်နေ့မှာ သူဌေးက နယ်ဘက်ရွာတစ်ရွာမှာ မြေတိုင်းဖို့အတွက် တီးဖိုးလေးကို ရွေးလိုက်ပါတယ်။ ရွေးလိုက်တာကလည်း ရုံးထဲက သူနဲ့မတည့်တဲ့ စတီဗင်စိုးကြီး ဆိုတဲ့လူက ချောက်ချတွန်းပို့လိုက်တာ။ တီးဖိုးလေးတစ်ယောက် ဂျူနီယာဖြစ်တဲ့ ဇင်သူကို ဆိုတဲ့ ကောင်လေးနဲ့အတူ နယ်ကို ထွက်လာရတယ်။ မကျေမချမ်းနဲ့ပေါ့။ ဒါနဲ့ပဲ အဝေးပြေး ကားပေါ် သူတို့နှစ်ယောက် လိုက်ပါလာခဲ့ကြတယ်။ လွှတ်လိုက်တဲ့ ရွာကိုရောက်တော့ ညသန်းခေါင် ဖြစ်နေပြီ။ ဒါနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရှာပြီး တစ်ညတာ တည်းခိုဖို့ စီစဉ်ကြတယ်။ အဲဒီညမှာပဲ တီးဖိုးလေးတို့နှစ်ယောက်သား ချောက်ချားစရာ အဖြစ်အပျက်တွေကို စတင်ကြုံတွေ့ကြရပါတော့တယ်။ ကိုယ်တွေ့ကြုံကြရတဲ့ ပရလောက အခြောက်အလှန့်တွေက ဘယ်လိုများလဲဆိုတာကို ခံစားကြည့်ချင်ရင်တော့ …