ဂျပန်စစ်သား စောင့်နေသည်

မိုးစွေ

200 Kyats ကျပ်
မြေတိုင်းအဖွဲ့က ဝန်ထမ်းလေး သတိုးက ဂျပန်စာကို စိတ်ဝင်စားလို့ သင်တန်းတက်ပြီး သင်ယူလေ့လာနေသူ။ ဒီအတောအတွင်း ဆိုင်ကယ်တောင် ခရီးမတွင်အောင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့၊ ရွာကလေးတစ်ရွာဆီ မြေတိုင်းဖို့ တာဝန်နဲ့ ရောက်သွားခဲ့တယ်။ ရွာအဝင်မှာပဲ ထူးခြားမှုတစ်ခုကို သူ ကြုံလိုက်ရတယ်။ ဒီလို တောခေါင်ခေါင် ရွာကလေးရဲ့ အဝင်မှာ သစ်သားပေါ် ရေးထွင်းထားတဲ့ ဂျပန်စာကို တွေ့လိုက်ရတာပဲ။ ဒီ့နောက်မှာတော့ သတိုးတစ်ယောက် သူစိတ်ဝင်စားတဲ့ ဂျပန်စာနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်လှုပ်ရှားစရာ အတွေ့အကြုံ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမလဲ၊ ဂျပန်စစ်သားဆိုတာက ဘာလဲ၊ ဘယ်လို အံ့သြစရာကောင်းတဲ့ အကြောင်းအရာတွေ မြင်တွေ့ရမလဲ၊ ဒီစာအုပ်မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုကြည့်လိုက်ပါဦး။