အဝေးရောက်သိုင်းသမား

မိုးကျော်သူ

700 Kyats ကျပ်
သူဖုန်းစားလောက်နီးနီး ဆင်းရဲနွမ်းပါးကြတဲ့ ‘ဖုန်းလု’ နဲ့ ‘ကျိထန်စိမ်း’။ သူတို့နှစ်ယောက်က ဘယ်လောက်အထိ နွမ်းပါးသလဲဆိုရင် သကြားလုံးတစ်လုံးတောင် ဝယ်မစားနိုင်ကြဘူး။ ဒီလောက်အထိ ဆင်းရဲပေမဲ့ ‘ကျိထန်းစိမ်း’ က မမီတဲ့ပန်းကို ဆွတ်ချင်နေတယ်ဆိုရမလား။ မြို့စားကြီးရဲ့သမီးလေး ‘ကျင်းအောရိ’ ကိုနှင်းဆီပန်းလေး ပေးဖို့ကြိုးစားနေတယ်။ ကံကောင်းတာက သူဌေးသားတွေတောင် လက်ဆောင်ပေးဖို့ ခက်ခဲတဲ့ သူကို ‘ကျိထန်စိမ်း’ လက်ဆောင်ပေးလို့ရသွားတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သခင်မလေးရဲ့ ခေါင်းကို သူကိုင်မိသွားတယ်။ အဲဒီအခါ ရဲမက်တွေရဲ့တိုက်ခိုက်မှုက သူ့ဆီရောက်လာတယ်။ >> ဒါဟာ ဝတ္ထုရဲ့ အစပါ။ နောက်ပိုင်းမှာ ရဲမက်တွေ ကျိထန်စိမ်းကို ဘယ်လိုလိုက်လံတိုက်ခိုက်လဲ။ လူသာဆင်းရဲတာ သူက သိုင်းပညာဘယ်အလောက်အထိ ထူးချွန်နေမလဲ။ နားလည်မှုလွဲခဲ့တာကို ဘယ်လိုဖြေရှင်းမလဲ၊ ပြီးတော့ 'ကျိထန်းစိမ်း'နဲ့ 'ဖုန်းလု'တို့မှာ လျှို့ဝှက်တဲ့ အကြံအစည်တစ်ခုရှိသေးတယ်။ အဲဒါက ဘာတွေဖြစ်မလဲ။ ရှုပ်ရှုပ်ထွေးထွေး လျှို့ဝှက်ချက်တွေနဲ့ သိုင်းဝတ္ထုကြိုက်သူတွေအတွက် အကြိုက်ပဲလို့ ပြောရမှာပါ။