အခန်းနံပါတ် ၆

မိုးကျော်ဇင်

1000 Kyats ကျပ်
ဝတ္ထုတစ်ပုဒ် ဖတ်ရပြီဆို လူတွေ မေးလေ့ရှိတာကတော့ “ဒါ ဖြစ်ရပ်မှန်လား ဆိုတဲ့ မေးခွန်းပါပဲ။ ဒီနေရာမှာ ဆရာကြီး မောင်ထင်ရဲ့ စာတမ်းတစ်ခုတည်းက အစိတ်အပိုင်းကလေး တစ်စကို အနည်းငယ် မှီးပါရစေ။ “သရုပ်ဟူသော ဝေါဟာရသည် သရူပဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်၍ တူသော အဆင်း၊ တူသော ရုပ်၊ ပကတိသဘော၊ သဘာဝတ္ထုဟူသော အဓိပ္ပာယ် ရှိသည်။ မြန်မာလို ရိုးရိုးပြောသော် တကယ့်အဖြစ်အပျက်နှင့် တူသည်ဟု ပြောရလိမ့်မည်။ ထို့ကြောင့် ဘဝသရုပ်ဖော်အဖွဲ့ ဟူသည်ကား လူ့ဘဝ တကယ့်အဖြစ်အပျက်နှင့် … တူအောင် ဖွဲ့ဆိုသော အဖွဲ့ ဖြစ်သည်။ တကယ်တော့ အခန်းနံပါတ် ၆ ဟာ တကယ့်ဖြစ်ရပ်မှန်လားလို့ မေးလာရင် ကျွန်တော် ငြင်းဆန်လိုက်မှာပါ။ ဒါဆို စိတ်ကူး ထိုးဇာတ်တွေလားလို့ မေးလာရင်လည်း ကျွန်တော် ခေါင်းယမ်းပြရမှာပါပဲ။ အခန်းနံပါတ် ၆ ထဲက လူတချို့ဟာ တကယ်ရှိခဲ့ပြီး လူတချို့ကတော့ တကယ်မရှိခဲ့ပါဘူး။ အဖြစ်ပျက်တချို့ကတော့ အမှန်တကယ် ဖြစ်ပျက်သွားခဲ့ဖူးတယ်ဆိုတာ သေချာပါတယ်။ နောက်ထပ် သေချာမှုတစ်ခုကတော့ အခန်းနံပါတ် ၆ ထဲမှာ လူငယ်တစ်ယောက် အမှန်တကယ် နေထိုင်သွားခဲ့ဖူးတယ် ဆိုတာပါပဲ။