ငါးဖမ်းသမား

မိုးကျော်ဇင်

800 Kyats ကျပ်
သင်္ဘောသားတွေဘဝက ကြမ်းတမ်းလှပါတယ်။ အပြောကျယ်ပြီး မာယာများတဲ့ ပင်လယ်ပြင်ကြီးထဲ ကမ်းမမြင်လမ်းမမြင်နဲ့ လပေါင်းများစွာ ရုန်းကန်နေရတဲ့ ဘဝကမလွယ်ကူပါဘူး။ ဒီစာအုပ်ဟာ ငါးဖမ်းသင်္ဘောတစ်စီးပေါ်မှာ အလုပ်လုပ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ပြန်ပြောပြထားတာပါ။ သင်္ဘောပေါ်မှာ အထီးကျန်လှတဲ့ဘဝ၊ အိမ်နဲ့ဝေးနေရတဲ့ဘဝ၊ အသက်အန္တရာယ်နီးစပ်တဲ့ဘဝ၊ လူအချင်းချင်း အနိုင်ကျင့်ခံရတဲ့ဘဝ၊ သေမင်းခံတွင်းဝမှာ ကြိုးတန်းလျှောက်နေရတဲ့ ဘဝကို ကြိတ်မှတ်ခံစားရပုံတွေ မြင်ရမှာပါ။