ထို့ကြောင့် ဝေးခဲ့သည်

မိုးသားကျူးရင့်

500 Kyats ကျပ်
မိန့်ခွန်းဘုရင်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တယ်။ မိန်းမကိစ္စ ပွေရှုပ်တယ်။ ပညာရေးမှာ နိမ့်ကျမှုမရှိ ထိပ်တန်းပဲ။ ဘွဲ့ရပြီး အသက် (၂၀) လောက်မှာ စီးပွားရေးလုပ်ငန်းကို ကျကျနန ကျွမ်းကျင်လာတယ်။ တစ်နှစ်အတွင်း ကျော်ကြားလာတယ်။ သူ့အသက် ဆယ့်ရှစ်လောက်မှာ မိခင်ဆုံးပါးခဲ့ပေမဲ့ ဘဝကို အကောင်းဆုံး လျှောက်လှမ်းနိုင်တယ်။ အမေဆုံးတာက သူ့အဖေ ဦးမိန့်တော်ဝင်ရဲ့ မယားငယ် ဒေါ်ခင်နှောင်းသွယ်နဲ့ သူ့သား မင်းမိန့်သခင်တို့ ပယောဂမကင်းဘူး။ အဖေ့ရဲ့အပြစ်မကင်းတာကိုလည်း သူသိတယ်။ ဒီလိုနဲ့ အမုန်းအာဃာတအငြိုးအတေးတွေ သူ့အပေါ်မှာ လွှမ်းမိုးလာပြီး သူနာကျင်သလို သူ့ကိုနာကျင်ခဲ့သူတွေ ခံစားစေရမယ်ဆိုပြီး ငြိုးတေးပါတော့တယ်။ ဇာတ်ရှိန်မြင့်တဲ့ ဇာတ်လမ်းမျိုး ကြိုက်သူတွေ ဖတ်ကြည့်စေချင်ပါတယ်။