ပလက်ဖောင်း

မိုးသက်ဟန်

1000 Kyats ကျပ်
ပြင်သစ်စာရေးဆရာ မီရှယ်ဝဲလ်ဘတ်ရဲ့ လန်ဇာရိုတီဆိုတဲ့ စာအုပ်ကို မိုးသက်ဟန်က ဘာသာပြန်ဆိုခဲ့စဉ်ကလည်း တရားသေ စာပေအမြင်အဟောင်းကို ဆုပ်ကိုင်ထားကြသူအချို့ရဲ့ ညစ်ညမ်းတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကြုံခဲ့ရဖူးပါတယ်။ ဒါဟာ ထူးဆန်းလှတယ်တော့ မဟုတ်ပါဘူး။ မီရှယ်ဝဲလ်ဘတ်ကိုယ်တိုင်က ပြင်သစ်ဖြစ်တည်မှုပဓာနဝါဒ စာရေးဆရာ အဲဘတ်ကမူး ကွယ်လွန်ပြီးနောက် နိုင်ငံတကာ စာဖတ်ပရိတ်သတ်အများစု နှစ်ခြိုက်မှုကို ခံရသလို ဝေဖန်ခံရမှုအများဆုံးသူပါ။ အငြင်းပွားဖွယ် အရေးအသားတွေကြောင့် မကြာခဏ တရားရုံးတွေမှာ အမှုရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ အခု ဒီပလက်ဖောင်းဟာ လူ့ဘဝကို အများနဲ့ မတူညီတဲ့ အတွေးအမြင်ဆိုင်ရာ ရှုမြင်ချက်တွေနဲ့ အခြေတည်ရေးဖွဲ့ထားတဲ့ မီရှယ်ဝဲလ်ဘတ်ရဲ့လက်ရာ သို့မဟုတ် မိုးသက်ဟန်ပြန်ဆိုခဲ့ဖူးတဲ့ လန်ဇာရိုတီကို နှစ်သက်သူများ အကြိုက်တွေ့စေမယ့် ဘာသာပြန်ဝတ္ထုတစ်ပုဒ်ပါ။ လိင်မှုအရသာကို သောက်လေငတ်မပြေ ဖြစ်လာတဲ့ ပြင်သစ်စုံတွဲတစ်တွဲ၊ လိင်မှုအခြေပြုခရီး သွားလုပ်ငန်း၊ ကိုယ့်လိင်ဆက်ဆံဖော်ကို နှိပ်စက်မှုမှာသာယာခြင်း၊ ပါတနာတွေ လဲလှယ်ဆက်ဆံခြင်း စတာတွေနဲ့ ထုံမွမ်း ထားထားတယ်ဆိုပေမယ့် ဒီဝတ္ထုဟာ မျက်မှောက်ဥရောပလူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို အငြင်းပွား ဖွယ် ဝေဖန်တင်ပြထားချက်တွေ ဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ အရွယ်ရောက်ပြီးသူတွေသာ ဒီဝတ္ထုကို ဖတ်ရှုကြဖို့ လေးလေးစားစား မေတ္တာရပ်ခံထားပါတယ်။