ကြွမေလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ

မိုးမိုး(အင်းလျား)

1500 Kyats ကျပ်
မိဘစကားနားထောင်လွန်းပြီး အချစ်ကိုမခံစားတတ်သူ လင်းလင်း။ မိဘတွေရဲ့ သဘောကျ ကိုကိုကြီးနဲ့ လက်ထပ်ဖို့ ရန်ကုန်ကနေ မိုးကုတ်ကို ပြန်ခဲ့တယ်။ ကိုကိုကြီးဆိုတာ အေးလွန်းပြီး သိုသိုသိပ်သိပ်နေတတ်သူ။ လင်းလင်းရဲ့ သူငယ်ချင်းတွေကတော့ ပျော်ပျော်နေတတ်တဲ့ ကိုကိုကြီးရဲ့ညီ ကိုဇော်နဲ့ ပိုပြီးသဘောတူကြတယ်။ ဒါပေမယ့် လင်းလင်းအမြဲပြောနေတတ်တာကတော့ "လင်းလင်းက ကိုကိုကြီးကိုပဲ ယူရမှာ" ​တဲ့...။ ကိုကိုကြီးက လင်းကိုချစ်ပါတယ်ရယ်လို့ တစ်ခါမှထုတ်မပြောခဲ့ဖူးပေမဲ့ လိုတာမှန်သမျှ ဖြည့်ဆည်းပေးတတ်တယ်။ လင်းလင်းဘက်ကလည်း ကိုကိုကြီးနဲ့ လက်ထပ်ရမယ့်အပေါ် တစ်ခါမှငြင်းဆိုခြင်းမပြုခဲ့သလို စိတ်ကွက်ခြင်းလည်းမရှိခဲ့ဘူး။ လင်းလင်းဘယ်လိုမှ စိတ်မဝင်စားပါဘူးဆိုတဲ့ အချစ်က မိဘတွေသဘောတူလို့သာ လက်ခံထားရတဲ့ ကိုကိုကြီးနဲ့မှ ပေါက်ဖွားလာမလား? သူနဲ့ သက်တူရွယ်တူ ကိုဇော့်ကိုမှ ငြိတွယ်မိလေမလား? ဆိုတာ ဒီဝတ္ထုထဲမှာ ဖတ်ရှုရမှာပါ။ အချစ်ဇာတ်လမ်း ငြိမ့်ငြိမ့်လေးပေမဲ့ ပျင်းဖို့ကောင်းတယ်လို့တော့ လုံးဝတွေးမိစေမှာ မဟုတ်ပါဘူး။ အဆုံးကိုရောက်လေ ရင်ထဲပိုပြီး လေးလေးပင်ပင်ရှိလေဖြစ်မှာပါ။ အဆုံးသတ်မှာလည်း မပေါ့တဲ့အရေးအသားကို ခံစားရမယ်။ တခြားအချစ်ဇာတ်လမ်းတွေနဲ့မတူဘဲ ရင်ထဲမှာအမည်ဖော်မရတဲ့ ခံစားချက်တွေကို အပြည့်အသိပ်ခံစားသွားရမယ့် ဝတ္ထုဖြစ်လို့ အခုပဲ ဖတ်ရှုခံစားကြည့်လိုက်ပါနော်...။