မိတဆိုး

မိုးမင်းသိမ်း

800 Kyats ကျပ်
ကျွန်တော်တို့ Cinderella ဇာတ်ကြောင်း သိကြပါတယ်။ Cinderella ရဲ့ ရင်နင့်စရာ ဘဝဖြတ်သန်းမှုပေါ့။ ဒီစာအုပ်ကတော့ Cinderella ဆိုတာထက် Chinese Cinderella လို့ပြောရမယ်။ မူရင်း ရေးသားသူ အက်ဒ်ဒီလင်းယန်မားရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပါ။ ဒီစာအုပ်ဟာ လျစ်လျူရှုခံရပြီး မိဘရဲ့ ချစ်ခင်မြတ်နိုးခြင်းကို မခံရတဲ့ ကလေးတွေအတွက် သီးသန့်အမှာစကားလို့ သူက ဆိုထားပါတယ်။ မွေးလာကတည်းက မေတ္တာမရရှိခဲ့တဲ့ သူ့ဘဝ၊ မိထွေးဖြစ်သူရဲ့ နှိမ့်ချဆက်ဆံမှု၊ အကြီးဖြစ်သူတွေရဲ့ အနိုင်ကျင့်မှု စတဲ့ ဆိုးရွားမှုတွေကို ကြိတ်မှိတ်ခံစားပြီး ကျော်လွှားခဲ့ရတဲ့ သူ့ဘဝကို ဒီစာအုပ်ထဲမှာ မြင်ရမှာပါ။ “မတရားဖိနှိပ်ညှဉ်းပန်း သူတို့နှင့် ကြုံတွေ့နေရလင့်ကစား မိမိသည် အဖိုးထိုက် အဖိုးတန်သူဖြစ်ပြီး တစ်မူ ထူးခြားသူ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားစေချင်ပါသည်” ဆိုပြီး မှာကြားထားတဲ့ ဒီစာအုပ်ထဲမှာ၊ မိသားစုတွင်း ဖိနှိပ်မှုတွေကို သာမန်ကလေးတစ်ယောက် ကျော်ဖြတ်ခဲ့ပုံကို ဆရာမိုးမင်းသိမ်းရဲ့ ဘာသာပြန်လက်ရာနဲ့အတူ ခံစားဖတ်ကြည့်လိုက်ရအောင် !