ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်

မိုးပန်းမွန်(ရာမည)

600 Kyats ကျပ်
...စာရေးသူ့ ရင်တွင်းစကား ကောက်နုတ်ချက် ။ ။ ဝန်ထမ်း ဘဝကတည်းက ရေးသားခဲ့သော ဝတ္ထုတိုများကို စုစည်း၍ ဝတ္ထုတို ပေါင်းချုပ် ထုတ်ဖြစ်ခဲ့သည်။ ဆောင်းပါး ပေါင်းချုပ်ကို မထုတ်ဖြစ်ခဲ့။ သုတ၊ ရသ ပေါင်းစပ်၍ ရေးသားထားသော “လူငယ်ပညာပေးဆောင်းပါး” များကို လူငယ်များ ဖတ်မိ စေချင်ခဲ့သည်။ စာပေ မိတ်ဆွေများကလည်း ဆောင်းပါး ပေါင်းချုပ်ထုတ်ပါဟု တောင်းဆိုကြသည်။ ကာလရှည်ကြာ စုဆောင်း သိုမှီးထားသော စာရေးသူ၏ လောက အတွေ့အကြုံ၊ ဘဝ အတွေ့အကြုံဖြင့် ဖန်တီးထားသည့် ဆောင်းပါးများ ဖြစ်သည်။ တန်ဖိုးတင့်သော အနုပညာ ပစ္စည်းဟု ယုံကြည်ပါသည်။ စေတနာ ဖြည့်စွက်၍ ဖန်တီးထားသော ထိုအနုပညာ ပစ္စည်းကို လူငယ်များ သိစေ၊ မြင်စေချင်သည်။ အတုယူ သင့်သည်ကို အတုယူ၊ ပြုပြင်သင့်သည်ကို ပြုပြင်၊ တန်ဖိုးထားသင့်သည်ကို တန်ဖိုးထားတတ် လာမည်ဟု ယုံကြည်သည်။ ခေတ်ရေစီးကြောင်းထဲမှ စရိုက်မျိုးစုံ၏ စိန်ခေါ်မှုကို ကာကွယ်နိုင်ခြင်းဆိုသည်မှာ လူငယ်တို့၏ ကိုယ်ရည် ကိုယ်သွေးနှင့်သာ သက်ဆိုင်လိမ့်မည်။