နှင်းကျွမ်းသစ်ပင်

မိုးနီလွင်

600 Kyats ကျပ်
ဒီစာအုပ်ဟာ စာရေးဆရာမ မိုးနီလွင်ရဲ့ ပဉ္စမမြောက်လုံးချင်းဝတ္ထုသစ်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်မိကြတဲ့ ယောက်ျားတွေအကြောင်း ၊ ဒါမှမဟုတ် ၊ ယောက်ျားတစ်ယောက်ထဲကိုပဲ ချစ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်အကြောင်းဟာ စာဖတ်သူရင်ထဲကို ထိထိခိုက်ခိုက် ဝင်ရောက်သွားပါလိမ့်မယ်။ စာမြည်း။ ။ “အဲ့ဒီလူကို မင်းချစ်သလား …” သူ့ရဲ့ ရက်စက်ပါးလှပ်သော မေးခွန်းတစ်ခုကြောင့် သူမ ခန္ဓာကိုယ်လေး နောက်ဘက်သို့ အနည်းငယ် ယိုင်ကျသွားသည်။ ပြီးတော့ သူ့မျက်နှာကို အံ့သြကြေကွဲစွာ ငေးစိုက်ကြည့်နေခဲ့လေသည်။ သူမ၏ နှုတ်ခမ်းပါးလေးတွေ တုန်ယင်စွာ လှုပ်ရှားလာသော်လည်း စကားသံ ထွက်ပေါ်မလာ။ စက္ကန့်အနည်းငယ် ကြာမြင့်သွားပြီးမှ သူမ သူ့ကို တိုးတိတ်စွာ ပြန်ဖြေခဲ့၏။ “အဲဒီမေးခွန်းကို ဘာဖြစ်လို့ မေးရတာလဲကိုကို၊ အဲဒီအဖြေကို .. ကိုကို သိပြီးသားပါ” “မသိဘူး ..” သူ တုန်လှုပ်စွာ အော်ဟစ်လိုက်မိပါသည်။ “ငါ .. ဘယ်တုန်းကမှ မသိခဲ့ဘူး နှင်းခင်ခင်၊ တကယ်တော့ ငါ ဘာမှ မသိသေးဘူး” သူမ ခေါင်းကို ခါသည်။ သူ့စကားကို လက်မခံနိုင်သလို ခေါင်းကို သွက်သွက် ခါယမ်းနေသည်။ သူမ၏ မျက်လုံးထဲတွင် သူ တစ်ခါမှ မတွေ့မြင်ခဲ့ဖူးသော အဆမတန် နာကျင်သည့် ဒဏ်ရာတွေကို တွေ့မြင်လိုက်ရလေသည်။ “ဒါပေမဲ့ … ကိုကိုသိအောင် ပြောပြဖို့ .. ကျွန်မမှ …” သူမ အသံတွေ တုန်ရီလှိုက်မောလာသည်။