မင်းထားခဲ့သည့် နေ့မှစ၍

မိုးနီလွင်

400 Kyats ကျပ်
‘ကုဋေ’ နဲ့ ‘မရနိုင်’ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အလယ်တန်းလောက်ကနေ ဆေးတက္ကသိုလ် တက်တဲ့အထိ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဒီနှစ်ယောက် အတွဲတွေလားလို့ အခြားသူတွေက ထင်ရလောက်အောင် တပူးပူးတတွဲတွဲ ပေါင်းဖြစ်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပေါ့။ မရနိုင် ဆိုတဲ့ နိုင်မှာ ထိုက်တန်ဆိုတဲ့ ချစ်သူကောင်လေး ရှိလာတော့လည်း ကုဋေဟာ နိုင်နဲ့ သူ့ရည်းစား ချိန်းတွေ့တာကအစ ကူညီပေးခဲ့တယ်။ မရနိုင်ကို ထိုက်တန်အဆက်ဖြတ်သွားတော့လည်း အနားကနေ ဂရုတစိုက် အားပေးခဲ့တာ ကုဋေပဲ။ နိုင့်အနား ထိုက်တန်ပြန်လာဖို့ အကြံအစည် အမျိုးမျိုးပေးပြီး မျက်ရည်တွေ သုတ်ပေးခဲ့တာ ကုဋေပဲ။ ထိုက်တန် အဆက်ဖြတ်သွားတဲ့ နေ့ကစပြီး အသည်းကွဲနေတဲ့ နိုင့်အတွက် အရာရာ ဖြည့်ဆည်းပေး၊ ကူညီပေး၊ ဂရုစိုက်ပေးရင်း ဖြူစင်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်အကြားမှာ သမုဒယကြိုးကလေး ငြိထွေးသွားတဲ့အခါ … ။ အချစ်ဆိုတာ အသည်းရောင်အသားဝါ ဘီပိုးလိုပဲ။ အတူစား၊ အတူသွား၊ အတူထိတွေ့မိရုံနဲ့ ကူးစက်သွားတတ်ပါတယ်။ အခန့်မသင့်ရင် အသည်းလည်း ကျွမ်းတတ်တယ်လေ။ ဒါပေမဲ့ ဘီပိုးက မကူးစက်အောင် ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရပေမဲ့ အချစ်ကတော့ ကြိုတင်ကာကွယ်ကုသဖို့ ခက်ခဲတယ် မဟုတ်လား … ကုဋေနဲ့ မရနိုင်တို့ နှစ်ယောက်ကရော အချစ်ကို ကြိုတင်ကုသဖို့ရာ လွယ်ကူနိုင်ကြပါ့မလား ?