စွဲလမ်းသူလွမ်းစေ

မိုးနီလွင်

600 Kyats ကျပ်
“အချစ်ဆိုတာ ဇိမ်ခံပစ္စည်း တစ်ခုပါ။ စားဝတ်နေရေး ပြည့်စုံမှ စိတ်ကူးယဉ်လို့ ရတာလေ။ ငွေမရှိရင် အချစ်ဆိုတာလည်း မျက်ရည်တွေ၊ ခါးသီးမှုတွေ၊ နောင်တတွေ ဖြစ်သွားလိမ့်မယ်” ဆိုတဲ့ ဘဒ္ဒါ။ မခိုးမခန့် ဟန်နဲ့ စီးကရက်ကို စတိုင်ကျကျ ဖွာရှိုက်တတ်တဲ့ ‘ရာဟု’ ဆိုသူက အနုပညာသမား တစ်ဦး။ သူငယ်ချင်း ဖြစ်သူ ‘ဖယောင်း’ နဲ့ ပတ်သက်လို့ သူ့ဆီ လာရောက် ဆွေးနွေးတဲ့သူက ဘဒ္ဒါ။ အဲ့ဒီနောက်ပိုင်း ဘဒ္ဒါရဲ့ ဘဝနဲ့ နှလုံးသားထဲကို ရာဟု ဆိုတဲ့ လူက အနုပညာဆန်ဆန် သိမ်းပိုက်ဖို့ ကြိုးစားလာပုံတွေ။ သိဒ္ဓိ၊ ရာဟု၊ ဘဒ္ဒါ နဲ့ ဖယောင်းတို့ကြားက နှလုံးသား ခံစားချက်တွေဟာ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ဆရာမိုးနီလွင်ရဲ့ အရေးအသားနဲ့ ခိုင်ခံ့တဲ့ ဇာတ်လမ်း ဇာတ်အိမ်ထဲကို ဝင်ကြည့်လိုက်ပါ။ ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်မှု ရှိတဲ့ အဖြစ်အပျက်တွေကို မြင်ရပါလိမ့်မယ်။