လူ့အခွင့်အရေးရဲ့ လမ်းပြကြယ် နယ်လ်ဆင်မင်ဒဲလား

မိုးဇက်ပိုင်(မြန်မာပြန်)

600 Kyats ကျပ်
အဖိနှိပ်ခံ လူတန်းစားတွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ နယ်လ်ဆင်မင်ဒဲလားကို (၁၉၁၈) ခုနှစ်မှာ မွေးဖွားခဲ့ပြီး သိနားလည်တဲ့ အရွယ်မှာတော့ အသားအရောင်ခွဲခြားမှု မရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ ဆိုတဲ့ အယူအဆကို လက်ကိုင်ထားလို့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ အစိုးရကို ဖြုတ်ချရန် ကြံစည်မှု၊ နိုင်ငံရေးအမှုနဲ့ ထောင်ထဲမှာ နှစ်ပေါင်း (၃၀) နီးပါး နေခဲ့ရသူ။ လူ့အခွင့်အရေးရဲ့ လမ်းပြကြယ်၊ နိုဘယ်လ်ဆုရှင်၊ ပထမဆုံး တောင်အာဖရိက လူမည်းသမ္မတ၊ တောင်အာဖရိကကို သာမက လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် တစ်ကမ္ဘာလုံးရဲ့ ဗိသုကာအဖြစ် စံထားရသူ၊ ဒီလို ပုဂ္ဂိုလ်တစ်ဦးရဲ့ ဘဝဖြစ်စဉ်၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှု၊ စိတ်နေသဘောထား၊ အမူအကျင့်တွေကို စေ့စေ့ငုံငုံ သိနားလည်အောင် ဖတ်ရှုရမယ့် ဘာသာပြန် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။