တယ်လီဖုန်း တီထွင်သူ အလက်ဇန္ဒားဂရေဟမ်ဘဲလ်

မိုးဇက်ပိုင်(မြန်မာပြန်)

600 Kyats ကျပ်
နည်းပညာမြင့် မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ လူသား အရွယ်စုံ၊ အလွှာစုံ၊ လူမျိုးစုံအတွက် မရှိမဖြစ် အရေးကြီးတဲ့ အသုံးအဆောင်တစ်ခု ဖြစ်နေခဲ့ပါပြီ။ ဖုန်းတွေရဲ့ အသုံးဝင်ပုံကတော့ အများကြီး ပြောပြနေစရာ မလိုလောက်အောင်ကို လူတိုင်း သိနားလည်ထားကြပါတယ်။ နေ့စဉ်ဘဝရဲ့ မရှိမဖြစ်ဆိုရင်ပဲ လုံလောက်ပြီ ထင်ပါတယ်နော်။ ဒီလို နည်းပညာမြင့် စမတ်ဖုန်းတွေကို ဒီကနေ့မှာ ကျွန်တော်တို့ ဖောဖောသီသီ သုံးစွဲနေနိုင်တဲ့ နောက်ကွယ် တစ်ချိန်က တယ်လီဖုန်းဆိုတဲ့ ဆက်သွယ်ရေးပစ္စည်းတစ်ခုကို ဘယ်လို ပုဂ္ဂိုလ်မျိုးက ဘယ်လောက်အထိ ခက်ခက်ခဲခဲ စတင်တီထွင်ခဲ့သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါရဲ့။ သူကတော့ ဂရေဟမ်ဘဲလ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ (၁၈၇၅) ခုနှစ်က ပထမဆုံး စတင်တီထွင်ခဲ့တဲ့ တယ်လီဖုန်းဟာ ဒီနေ့ခေတ်မီတယ်လီဖုန်းတွေ ဖြစ်လာဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ။ ဂရေဟမ်ဘဲလ်ဟာ ဒီတယ်လီဖုန်းဆိုတဲ့ ဆက်သွယ်ရေး ပစ္စည်းတစ်ခုကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ဖို့ နှစ်ပေါင်းများစွာ တကုတ်ကုတ်နဲ့ အားထုတ်ကြိုးစားခဲ့ပုံတွေကို စာချစ်သူတို့ ဖတ်ချင်ကြမှာပဲနော်။ လူတိုင်းလည်း သိထားသင့်တဲ့ တီထွင်မှုတစ်ခုဆိုတော့ စာချစ်သူတို့ မဖတ်မဖြစ် ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးပါပဲ။