ရွှေငါးလေး

မိုးစက်ဝိုင်

700 Kyats ကျပ်
အသက် သုံးဆယ့်ငါးနှစ်အရွယ် ကုမ္ပဏီပိုင်ရှင် လုပ်ငန်းရှင် လူငယ်တယောက်။ လူပျို။ နာမည်က ထက်နောင်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကားအက်ဆီးဒင့် ဖြစ်ဖူးတယ်။ သူ မောင်းတဲ့ ကားနဲ့ အတိုက်ခံရတဲ့ ကောင်မလေးက ဒုက္ခိတ ဖြစ်သွားတယ်။ သူ့ဘက်ကတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး လုပ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီကောင်မလေးက သေကြောင်းကြံသွားတယ်။ ဘာကြောင့်မှန်းလည်း ဘယ်သူမှ သေချာ မသိဘူး။ အဲ့ဒီ ဖြစ်ရပ်ကြီးက ထက်နောင်ရဲ့ အိပ်မက်တွေကို နှိပ်စက်နေတာပေါ့။ တရက်မှာတော့ သူငယ်ချင်း ခေါ်လို့ စိတ်ပြေလက်ပျောက် night club တက်ရင်း ‘စနိုး’ ဆိုတဲ့ ကောင်မလေး တယောက်နဲ့ ဆုံမိတယ်။ အဲ့ဒီနောက်ပိုင်း ဖြစ်ပျက်လာသမျှ ဇာတ်လမ်းတွေက အဆန်းချည်းပဲ။ ဖတ်လို့ မိုက်တယ်။ မိုးစက်ဝိုင်ရဲ့ လူငယ်ဆန်ဆန် အရေးအသားက စာဖတ်သူကို သေချာပေါက် ဆွဲခေါ်သွားမှာပါ။