အတိတ်တရေးနိုး

မိုးစက်ဝိုင်

700 Kyats ကျပ်
ချစ်စခင်စကြင်နာစမှာပဲ “ရဲမော်” နဲ့ “ကသစ်” တို့ အတွက် ကံဆိုးမိုးမှောင်ကျမှုတစ်ခုက ရောက်ရှိလာပါတယ်။ လက်ထပ်ပြီး တစ်လခန့်အကြာမှာ ကားအက်စီးဒင့်တစ်ခုကြောင့် ဒဏ်ရာရရှိပြီး ကသစ်ဟာ အတိတ်မေ့ဝေဒနာ ခံစားလိုက်ရတာပါ။ ရဲမော်ဟာ သူ့ရဲ့ တရားဝင်ခင်ပွန်းဖြစ်ကြောင်း လက်ခံနိုင်ပေမယ့် နှစ်ယောက်ကြားက နွယ်ယှက်မှုမှန်သမျှကိုတော့ ခံစား သိမြင်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါပေမယ့် ရဲမော်အနေနဲ့ ယုံကြည်တာတစ်ခု သူတို့နှစ်ဦးကြားက ချစ်ခြင်းရဲ့ အမှတ်တရများစွာဟာ ကသစ်ရဲ့ မေ့ လျော့နေတဲ့ အတိတ်ကို ပြန်လည်သတိရလာစေမယ် ဆိုတာပါပဲ။ ကသစ်ရဲ့ “အတိတ်တရေးနိုး” ချိန်အတွက် ရဲမော်ရဲ့ တစ်ခု တည်းသော မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ဒါဟာ ဆွတ်ပျံ့ဖွယ်ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။