ရိုးမြေကျ သီအိုရီ

မိုးစက်ဝိုင်

700 Kyats ကျပ်
အောင်ကျော်ဇေယျာမိုးဟိန်းထွန်း… နာမည်ကတော့ တကယ့်ခုနစ်ရက်သားသမီး နေ့နံအစုံပါပဲ။ အဲ့ဒါကြောင့် ဆင်းဗန်းဒေး ဆိုပြီး သူ့သူငယ်ချင်းတွေက နာမည်ပြောင်ပေးထားတာပါ။ သူက တက္ကသိုလ်ကျောင်းသား ပီပီ ရွှတ်ရွတ်နောက်နောက် နေတတ်တဲ့နေရာမှာတော့ ထိပ်ခေါင်ပဲ။ အဲဒီလို စနောက်တတ်လို့ ဆရာတွေ ဆူပူအပစ်ပေးတာကိုခံရတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ အခုလည်း အပြစ်ပေးတဲ့အနေနဲ့ အမှိုက်ကောက်ခိုင်းထားတာကိုတောင် မတော်တဆအမှိုက်ပစ်မိတဲ့ မိန်းကလေးတစ်စုနဲ့ ရန်ဖြစ်နေသေးတယ်။ ဒီစာအုပ်ထဲမှာတော့ တက္ကသိုလ်ရဲ့ထုံးစံအတိုင်း နာမည်ပြောင်တွေ၊ ခေတ်စကားတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကျပ်တာတွေနဲ့ တက္ကသိုလ်ရဲ့အချစ်ရေး အရှုပ်ထုပ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အမှိုက်ကောက်နေတဲ့ ဆဲဗန်းဒေးနဲ့ မတော်တဆ အမှိုက်ပစ်မိတဲ့ မိန်းကလေးတစ်သိုက်တို့ ဘယ်လိုရန်ဖြစ်ကြမလဲ၊ ဘာတွေဆက်ဖြစ် ကြမလဲဆိုတဲ့ တက္ကသိုလ်ရဲ့ အရှုပ်တော်ပုံကြီးကိုတော့ စာဖတ်ပရိသတ်တို့ကိုယ်တိုင် ဖြည်ကြည့်လိုက်ကြပါဦး။