ချစ်သူလက်ပေါ်မှာပြတဲ့ မျက်လှည့်

မိုးစက်ဝိုင်

700 Kyats ကျပ်
စာမြည်း ။ ။ “ဟယ် … မြူခိုးရယ် … နင် အဲ့လို တကယ်ကြီး ကြုံလာခဲ့တယ် ဟုတ်လား” သင်တန်းရောက်ရောက်ချင်း အကြောင်းစုံ ပြောပြီးတာတောင် သက်သက်မော်က ထပ်မေးလာသေးသည်။ မြူခိုးက စိတ်မရှည်ဟန်ဖြင့် … “သြော် … ဟုတ်ပါတယ်ဆို၊ အဆင်မပြေတာက မနက်ကတည်းက စတာဟေ့၊ မနက် အိပ်ရာထတော့ ငါစားချင်တဲ့ မုန့်ဟင်းခါး သွားဝယ်ခိုင်းတာ ကုန်နေပြီတဲ့၊ ဘာမှမစားဘဲ သင်တန်းလာဖို့ လုပ်ပြန်တော့လည်း ကားက နှိုးမရပြန်ဘူး၊ ဒါနဲ့ ကားငှားပြီး သွားလိုက်ပါမယ်လေဆိုပြီး ထွက်လာတော့လည်း ခုလိုမျိုး ကြုံရတော့တာပဲ” စကားအဆုံးမှာ ယမင်းသူက ခွီးခနဲ ရယ်လိုက်ပြီး … “နင့်အဖြစ်ကလည်းဟယ် … အငှားတက္ကစီတောင် ကြက်နဲ့အတူတူ တွဲစီးလာရတယ်လို့၊ အဲဒါကြောင့်လား မသိဘူး … ခုနက ဒီနားမှာ ကြက်ချေးစော် နံနေသလိုပဲနော်” မြူခိုးက ယမင်းသူကို မျက်စောင်းထိုးလိုက်ကာ … “ယမင်း ငါ့ကို မစနဲ့နော်၊ ငါက အဲဒီ ကြက်ထက် ကြက်ပိုင်ရှင်ကောင်ကို ပိုစိတ်တိုနေတာ၊ ဒင်းက င့ါဆီက ပိုက်ဆံငါးရာကိုတောင် မလိမ့်တပတ်နဲ့ ယူသွားသေးတယ်၊ ငါလည်း သူတောင်းစားလှူတဲ့ သဘောနဲ့ ပေးခဲ့လိုက်တာ” “ဟဲ့ … ဒါနဲ့ အဲဒီ ကြက်သမားက ဘယ်လိုမျိုးလဲ” အရေးထဲ သက်သက်မော်က မေးလာသေးသည်။ ….. >> စိတ်ထဲမှာ ပျော်သွားစေမယ့် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်