အခ်စ္က ဆက္သြယ္မႈ ဧရိယာထဲမွာ

မိုးစက်ဝိုင်

700 Kyats ကျပ်
ကျောင်းတက်ဖို့အတွက် နယ်ကနေ ရန်ကုန်ရောက်လာတဲ့ လူငယ်သုံးယောက်။ ခန့်ပိုင်၊ ကျော်ကိုနဲ့ မျိုးဇော်တို့ သူငယ်ချင်းသုံးယောက်ပေါ့။ သူတို့ သုံးယောက်ကို ဦးအောင်သိန်းဆိုတဲ့ ရွာကအသိအကျွမ်းတစ်ယောက်က ရန်ကုန်က သူ့အိမ်ခန်းလေးမှာ ပေးနေပြီး တယ်လီဖုန်း တစ်လုံး ထောင်ထားပေးခဲ့တယ်။ အဲဒီခေတ်က ဖုန်းတွေ မပေါသေးတော့ အရေးကိစ္စရှိရင် တယ်လီဖုန်း ထောင်ထားတဲ့အိမ်မှာ တစ်မိနစ်တစ်ရာလောက်နဲ့ ပြောကြရတဲ့ခေတ်လေ။ အဲဒီတစ်ညမှာ အဝင်ဖုန်းတစ်ကော မြည်လာခဲ့တယ်။ ဖုန်းကိုင်ရမှာ ကြောက်နေကြတဲ့ သူငယ်ချင်းသုံးယောက်က ဗိုလ်ကျားသေနတ်ဆွဲပြီး ဖုန်းကိုင်ကြတယ်။ အလှည့်ကျသွားတာက ခန့်ပိုင်။ ကံဆိုးတယ်လို့ ထင်ခဲ့ပေမဲ့ အဲဒီဖုန်းသံလေးကပဲ ခန့်ပိုင်အတွက် ကံကောင်းမှုတွေ ယူဆောင်လာခဲ့တာပါ။