ရာဇဝင်ကို ဘယ်သူမီအောင် ချစ်နိုင်မလဲ

မိုးစက်ပွင့်

700 Kyats ကျပ်
“ေရာ့ ဓား။ ကိုယ့်ကို မင်း ထိုးခဲ့တဲ့ ဓားလေ။ အဲဒီဓားနဲ့ မင်း ကိုယ့်ကို အဆုံးစီရင်လိုက်ပါ။ တစ်ခုတော့ ရှိတယ်။ သျှင်သွေး လက်မထပ်ရသေးခင်အထိ ငါ သျှင်သွေးကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေမယ်။ အဲဒီအချက်ကို လက်မခံနိုင်ရင် င့ါကို သတ်ပေါ့” (နေသဏ္ဌာန်) “ဒါ ငါ့ရဲ့ အကောင်းဆုံးသော လက်ဆောင်ပဲ သျှင်သွေး။ ဒီ လက်ထပ်စာချုပ်ပေါ်မှာ လက်မှတ် ထိုးလိုက်တာနဲ့ င့ါဘဝ တစ်ခုလုံးကို နင်ပိုင်တယ်။ ငါ့နှလုံးသား ငါ့အနာဂတ်ကို နင် ပိုင်တယ်။ ငါ ခေါင်းညိတ်လိုက်တာနဲ့ ငါ့ဘက်က အားလုံး အဆင်သင့်ဖြစ်အောင် စီစဉ်ထားတယ်” (ဘုန်းသိင်္ခ) “ကျွန်တော့်အတွက် ရင်မလေးပါနဲ့ ဦးပါကြီးရာ။ လက္ခဏာမင်းသားလည်း သူ့ဝေဒနာကို သူ ဖုံးဖိခဲ့တယ်လေဗျာ။ ကျွန်တော်လည်း ဖုံးဖိနိုင်ပါတယ်” (ဘုန်းနန္ဒ) “ဘယ်သူ့ကို ချစ်သလဲလို့ မမေးပါနဲ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဝေခွဲလို့ မရဘူး ဖြစ်နေတာ။ သိင်္ခနဲ့ နန္ဒ နှစ်ယောက်စလုံးကို သျှင်သွေးအနားမှာ ရှိနေစေချင်တာတော့ သိတယ်” (သျှင်သွေးသစ္စာ) သုံးပွင့်ဆိုင်လား ၊ လေးပွင့်ဆိုင်လား … ရင်ခုန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒီဝတ္ထုကို စာချစ်သူတို့ ကြိုက်မှာ သေချာပါတယ်။