ကွယ်လွန်သူ နေထိုင်ရာ

မိုးစွေ

200 Kyats ကျပ်
ပရလောကနောက်ခံ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်။ ချောက်ချားစရာ ရသနဲ့ ကြက်သီးတဖြန်းဖြန်းထအောင် ဖတ်ကြရမယ့် ဒီဇာတ်လမ်းရဲ့ အစကတော့ ဒေါ်ခင်မာကြည်ဆိုတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ အက်ဆီးဒင့်န်အဖြစ်ဆိုးက စပါတယ်။ နယ်မြို့တစ်မြို့ရဲ့ ကျောင်းတစ်ကျောင်းက အထက်တန်းပြ ဆရာမဒေါ်ခင်မာကြည်။ ဆိုင်ကယ်လ်လေးနဲ့ ကျောင်းသွားကျောင်းပြန်လေ့ရှိတဲ့ ဆရာမဟာ အဲဒီနေ့ ကျောင်းအပြန်မှာ ကားတစ်စီးရဲ့ ပြင်းပြင်းထန်ထန် အတိုက်ခံရပြီး ဆိုင်ကယ်တခြား၊ လူတခြား။ လမ်းပေါ် ဦးနှောက်တွေပါ ထွက်ကျပြီး ရုပ်ပျက်ဆင်းပျက်နဲ့ တစ်ခါတည်း ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ လူကလည်း အရွယ်ကောင်းတုန်း၊ အလုပ်အကိုင်အရလည်း တင့်တင့်တယ်တယ်၊ ငွေကြေးလည်း ပြည့်စုံတဲ့ ဆရာမဒေါ်ခင်မာကြည်အတွက် အားလုံးက စိတ်မကောင်းဖြစ်နေကြရတယ်။ ပြီးတော့ သေလို့ သေမှန်းတောင် မသိဘဲ သေသွားခဲ့တဲ့ ဒေါ်ခင်မာကြည်တစ်ယောက် ကျွတ်မှကျွတ်ပါ့မလားလို့ ပြောဆိုနေကြပြီး မကြာခင်ရက်ပိုင်းမှာပဲ ဆရာမဒေါ်ခင်မာကြည်သရဲက စတင်ပွဲကြမ်းပါတော့တယ်။ ကဲ … အစိမ်းသေ ဒေါ်ခင်မာကြည် ဘယ်လို ကြမ်းမလဲဆိုတာကိုတော့ အသည်းတအေးအေး ရင်တထိတ်ထိတ်နဲ့ စိတ်ချောက်ချားစရာ ဖြစ်ရပ်မှန်ဇာတ်လမ်းထဲ ခံစားကြည့်လိုက်ရအောင်နော်။