နှလုံးသားနဲ့ နားဆင်ပါ

မိုဇာလျန်းဝေ

800 Kyats ကျပ်
ချစ်တဲ့စကားဆိုတာ နှလုံးသားနဲ့ နားဆင်မှ အချစ်ရဲ့ အဓိပ္ပာယ်တွေ အပြည့်ဝဆုံး ဖြစ်မှာပါ။ အချစ်ရဲ့ တေးသံ၊ အချစ်ရဲ့ သီချင်း၊ အချစ်ရဲ့ ကဗျာ၊ အချစ်ရဲ့ သီဆိုသံတွေကို နှလုံးသားကပဲ အလှပဆုံး ဘာသာပြန်ပေးနိုင်မှာပေါ့နော်။ ဒီဇာတ်လမ်းထဲမှာ ဂျူဂျူးမေဆိုတဲ့ မိန်းကလေးရဲ့ နှလုံးသားက ဘယ်သူ့ရဲ့ ချစ်တေးသံကို နားဆင်ဖို့ ဖြစ်တည်ခဲ့သလဲ။ ဂျူဂျူးမေရဲ့ နာကျင်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ ဘဝဝေဒနာတွေကို အချစ်ရဲ့ သီချင်းသံနဲ့ ဘယ်သူက ချော့မြူယုယမလဲ။ စာချစ်သူတို့ရော … နှလုံးသားနဲ့ အချစ်ကို နားဆင်ခံစားဖူးရဲ့လားဗျ။ ဒါဆိုရင်တော့ ဆရာမ မိုဇာလျန်းဝေရဲ့ ရင်ခုန်ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ပါ။ အချစ်ရဲ့ တေးသံကို နှလုံးသားနဲ့ ခံစားကြည့်ပါဦးနော်။