ကြည်ဖြူပါမေရယ်

မိုဇာလျန်းဝေ

800 Kyats ကျပ်
ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးဦးသော်ဇင်ရဲ့ တစ်ဦးတည်းသော သမီးကလေး မသဇင်နဲ့ ဆင်းရဲတဲ့ လူငယ်လေး မောင်သောင်းတင်တို့ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီဝတ္ထုရဲ့ နောက်ကြောင်းခံ အဖြစ်အပျက်တစ်ခုမျှသာပါ။ ရွှေမင်းသမီးနဲ့ စောင်းသမားတို့ရဲ့ အခြေမတူ၊ ဂုဏ်မမျှ မေတ္တာပုံပြင်မျိုးဟာ ခေတ်အဆက်ဆက် မပျောက်မပျက်နိုင်တဲ့ ဖြစ်စဉ်မျိုးပါပဲ။ မိဘက သဘောမတူတဲ့ကြားက ဆင်းရဲသားနဲ့ လိုက်ပြေးခဲ့တဲ့ မသဇင်။ အချစ်တစ်ခုတည်းနဲ့ ဘဝကို တည်ဆောက်ခဲ့တဲ့ မောင်သောင်းတင်နဲ့ မသဇင်တို့ ဇနီးမောင်နှံကို ဦးသော်ဇင်တို့က အမွေပြတ် စွန့်ပစ်ခဲ့ကြတယ်။ ဒါပေမဲ့ မောင်သောင်းတင်ရဲ့ ကြိုးစားမှုကြောင့် စီးပွားရေး ဖြစ်ထွန်းလာသလို ပွင့်ကြာဖြူဆိုတဲ့ သမီးလေးတစ်ယောက်လည်း ထွန်းကားခဲ့တယ်။ ဒါပေမဲ့ ကံတရားဟာ ရက်စက်လွန်းပါတယ်။ သမီးလေးမွေးပြီး မကြာခင်မှာပဲ မသဇင်တစ်ယောက် ကွယ်လွန်သွားခဲ့တယ်။ မောင်သောင်းတင်ဟာ မိတဆိုးသမီးလေး ပွင့်ကြာဖြူကို အမေလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ ပြုစုပျိုးထောင်လာခဲ့ပြီး ပွင့်ကြာဖြူလေး အရွယ်ရောက်လာချိန်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပြန်တယ်။ ဒီအခါမှာ မိဘမဲ့သမီးလေး ပွင့်ကြာဖြူတစ်ယောက် လူ့လောကထဲ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့နောက် …