မြတ်နိုးခွင့်

မိုဇာလျန်းဝေ

800 Kyats ကျပ်
“မျက်ချယ်လေးရယ် မင်း ကိုကို့ကို အထင်သေးရက်လိုက်တာ။ ကိုကို့ ရင်ထဲမှာ ဘယ်လောက်တောင် ခံစားနေရလဲ လာကြည့်လှည့်စမ်းပါ။ ကိုကို့ရဲ့ အချစ်ကို မင်းဒီလောက်တောင် အထင်သေးလား။ မင်းကို ဘယ်လောက်ချစ်၊ ဘယ်လောက် မြတ်နိုးလဲဆိုတာ ရင်ခွဲပြလိုက်ချင်တယ်”ဆိုတဲ့ ကက်နက်စမစ်ခေါ် သက်ပိုင်ဦး။“သူနဲ့ ကျွန်မ ဘယ်လိုမှ မသက်ဆိုင်တဲ့အတွက် မကျေနပ်စရာလည်း ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို မသိသေးဘဲ မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲ ကြားရတာလေး တစ်ခုနဲ့ ကျွန်မ မဝေဖန်တတ်ပါဘူး”ဆိုတဲ့ မျက်ချယ်။“မိန်းမတွေကလည်း ရူးကြတယ်နော်၊ ရုပ်ချော၊ ဥစ္စာပေါရင် ပစ်ပြီး စိတ်ဝင်စားလိုက်ကြတယ်” ဆိုတဲ့ ကျော်ခိုင်။ နိုင်ငံခြားမှာ ကက်နက်စမစ်ဆိုသော အမည်နဲ့ အင်္ဂလိပ်ကျောင်းနေခဲ့တဲ့ ကက်နက်စမစ်တစ်ယောက် တစ်သက်လုံး မစ္စတာတော်ဖီစမစ်ရဲ့သား ကက်နက်စမစ်အဖြစ် ရပ်တည်လာပြီး မြန်မာပြည်ပြန်ရောက်မှ သက်ပိုင်ဦးအဖြစ်နဲ့ ရုတ်တရက် ပြောင်းလဲသွားရတဲ့အခါ၊ ဘာသာမတူ၊ အယူအဆမတူတဲ့ မျက်ချယ်ဆိုတဲ့ ဆရာမလေးနဲ့ ဆုံတွေ့ပြီး ချစ်မိတဲ့အခါ၊ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမလဲ ဆိုတာကိုတော့ …