နွေဦးလေပြည်

မိုဇာလျန်းဝေ

800 Kyats ကျပ်
မေသဇင်ခိုင်၊ မေသဇင်လှိုင်နဲ့ မေသဇင်မြိုင်ဆိုတဲ့ ညီအစ်မသုံးယောက်။ ဦးသင်းမြတ်ဆိုတဲ့ မျက်မမြင် ဖခင်ကြီးရဲ့ ချစ်သမီးချောတွေပေါ့။ နိုင်မင်းပိုင်ဆိုတဲ့ နိုင်ငံခြားပြန် အမျိုးသားတစ်ယောက် မြန်မာပြည်ပြန်ရောက်လာပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ မေသဇင်ခိုင်ဟာ နိုင်မင်းပိုင်ရဲ့ လုပ်ငန်းမှာ အလုပ်ဝင်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ ငယ်ဘဝမှာ မေ့မရနိုင်စရာ ဖြစ်ရပ်တစ်ခု ရှိနေခဲ့ပြန်ပါတယ်။ အဲဒါကတော့ နိုင်မင်းပိုင် ငယ်ငယ်က မတော်တဆမှုတစ်ခုမှာ ဦးသင်းမြတ်က အသက်စွန့်ပြီး ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူး ရှိနေတာကိုး။ နိုင်မင်းပိုင်ဟာ နိုင်ငံခြားက ပြန်ရောက်ပြီး မကြာခင်မှာပဲ ဦးသင်းမြတ်တို့အိမ် ရောက်လာခဲ့တယ်။ ဦးသင်းမြတ်ရဲ့ ကျေးဇူးကို မမေ့ဘဲ ပြန်လည်ကူညီဖို့ ကြိုးစားရင်းကနေ မေသဇင်ခိုင်၊ မေသဇင်လှိုင်နဲ့ မေသဇင်မြိုင်ဆိုတဲ့ ညီအစ်မ သုံးယောက်ရဲ့ နှလုံးသားတွေကို တံခါးခေါက်မိတဲ့အခါ …