အသည်းတံခါးလေးဖွင့်ထားပြီး

မိုဇာလျန်းဝေ

800 Kyats ကျပ်
ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စု။ အဲဒီမိသားစုထဲက အမြွှာကလေးလေးနှစ်ယောက်ကို စာသင်ပေးဖို့ မေအိမိုးက အိမ်နေအိမ်စားနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ မေအိမိုးက သေးသေးသွယ်သွယ် ချောချောလှလှ မိန်းကလေးတစ်ယောက်။ ဒီမိသားစုမှာ အလုပ်လုပ်ရတာ အစစအဆင်ပြေပေမဲ့ အဆင်မပြေတဲ့ကိစ္စတစ်ခုက အဲဒီအိမ်မှာ မေအိမိုးနဲ့ သက်တူရွယ်တူ ယောက်ျားလေးတစ်ယောက် ရှိနေတာပဲ။ သိန်းတင်စိုးဆိုတဲ့ အဲဒီလူက မိန်းကလေး ချောချောမြင်ရင် ရင်ခုန်တတ်တယ်။ ချစ်ချင် ကြိုက်ချင်တယ်။ မေအိမိုးကို ထိကပါးရိကပါး လုပ်ပေမဲ့ အရှောင်အတိမ်းကောင်းတဲ့ မေအိမိုးကြောင့် အခွင့်အရေး မရခဲ့ဘူး။ တစ်ညမှာ သိန်းတင်စိုးက မေအိမိုးကို လူအလစ်မှာ အတင်းဖက်ပြီး ချစ်စကားပြောတယ်။ မေအိမိုး ငြင်းဆန်ပေမဲ့ သူတို့နှစ်ယောက် ပူးပူးကပ်ကပ်ဖြစ်နေတာကို သိန်းတင်စိုးအမေက မြင်သွားခဲ့ပြီး မေအိမိုးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒီကစလို့ မေအိမိုး တစ်ယောက် လူမဆန်တဲ့ မိသားစုဆီကနေ ကျောခိုင်းထွက်ခဲ့ပြီး ဘဝအရေးအတွက် ကြိုးစားချိန်မှာ အချစ်ရေးနဲ့ပါ ကြုံဆုံလာတဲ့အခါမှာတော့ …