သွန်းဖြိုးနေသည့် ရင်တွင်းမိုး

မိုဇာလျန်းဝေ

800 Kyats ကျပ်
မေဇွန်ဦးတို့ မိဘနှစ်ပါးစလုံး ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့ကြပါတယ်။ ရရစားစား လူတန်းစားမိဘတွေက သက်ရှိထင်ရှား ရှိကတည်းကလည်း သူတို့ကို ပြည့်စုံအောင် မထားပေးနိုင်ခဲ့ပါဘူး။ မေဇွန်ဦးက ဘွဲ့ရပြီးပေမဲ့ အလုပ်အကိုင် မရှိသေးဘူး။ မိဘတွေ မရှိတော့တဲ့အခါ အငယ်မောင်နှမ သုံးယောက်ရဲ့ တာဝန်က သူ့တာဝန်ဖြစ်နေပြီမို့ တော်ရုံလခနဲ့လည်း မလုံလောက်နိုင်။ မေဇွန်ဦးရဲ့ အမေ ဆုံးပါးသွားပြီးနောက်မှာ ဖခင်က နောက်အိမ်ထောင်ပြုခဲ့တာကို မေဇွန်ဦးက ခွင့်လွှတ် နားလည်ပေးခဲ့ပါတယ်။ နောက်အိမ်ထောင်နဲ့ရတဲ့ မောင်နှမတွေကိုလည်း မေဇွန်ဦးက ချစ်ပါတယ်။ မိဘတွေ ကွယ်လွန်သွားတဲ့အခါ ကလေးတွေရဲ့ တာဝန်က သူ့အပေါ်ကို လုံးလုံး ကျရောက်လာပြီလေ။ ဒီလို ခက်ခဲတဲ့ ဘဝခရီးကို တာဝန်အပြည့်နဲ့ လျှောက်လှမ်းနေရတဲ့ မေဇွန်ဦးတစ်ယောက် ချစ်ခြင်းကို တွေ့တဲ့အခါမှာရော၊ ကံကောင်းမှာလား? ကံဆိုးမှာလား?