သူပြောတဲ့ရင်နွေးစကား

မိုဇာလျန်းဝေ

800 Kyats ကျပ်
“ရှင့်ကိုလက်လွှတ်ရလို့ ကျွန်မက ဝမ်းနည်းကြေကွဲနေတယ်လို့ ထင်ပြီး အထင်ကြီးမနေနဲ့၊ ခုအချိန်မှာ ကျွန်မမိဘနဲ့ ကျွန်မကိုစော်ကားတဲ့ ရှင့်ကို အရမ်းဒေါသဖြစ်နေတာပဲ ရှိတယ်။ မချစ်မနှစ်သက်တဲ့ရှင့်ကို မိဘစကားနားထောင်ပြီး လက်မထပ်ရတဲ့အတွက် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားတာ အမှန်ပဲ”ဆိုတဲ့ ဖြူနှင်းသွယ်။ “ဇင်ဇင်ရယ် မင်းက ဗုဒ္ဓဘာသာအမျိုးသမီးလေးပါ၊ ဘာဖြစ်လို့ ကံ ကံ၏ အကျိုးကို နားမလည်တာလဲကွယ်၊ မင်းကလည်း ကြိုးစားမယ်၊ ကံလည်းရှိသေးတယ်ဆိုရင် မင်းပြန်ပြီး လမ်းလျှောက်နိုင်မှာပေါ့”ဆိုတဲ့ ဒေါက်တာသီဟ။“ဖြူနှင်းသွယ်၊ မင်း ဘာအခက်အခဲရှိရှိ ပြောနော်၊ မင်းအနားမှာ ကိုယ် အမြဲရှိနေတယ်”ဆိုတဲ့ အောင်တိုး။“သိခွင့်ရှိရင် ဒီလူက ဖြူနှင်းသွယ်နဲ့ ဘယ်လိုပတ်သက်ခဲ့လဲဟင်၊ သူ့ကို ဖြူနှင်းသွယ် မကျေမနပ် ဖြစ်နေတာကတော့ ပေါ်လွင်လွန်းတယ်”ဆိုတဲ့ အောင်စည်ဟိန်း။ ဒီလို ဒီလို ဇာတ်ကောင်တွေနဲ့ အိမ်ထောင်ရေး အရှုပ်အထွေး၊ ဇာတ်အိမ် အချိုးအကွေ့ အလှည့်အပြောင်းတွေက စိတ်ဝင်စားစရာပါပဲ။ အချစ်နဲ့ လူမှုဘဝကို ရောယှက်ပုံဖော်ထားတဲ့ ဆရာမမိုဇာလျန်းဝေရဲ့ ဒီဝတ္ထုက ရသတွေအပြည့်နဲ့ စာချစ်သူတို့ နှလုံးသားကို ဆွဲဆောင်သွားမှာပါ။ ခံစားကြည့်ပါဦးနော်။