သင်းကြိုင်ပါတဲ့ပန်းအကြွေ

မိုဇာလျန်းဝေ

800 Kyats ကျပ်
အိမ်စည်စိုးက စာရေးတာကို ဝါသနာပါတဲ့အတွက် မဂ္ဂဇင်းစာမျက်နှာတွေမှာ ဝတ္ထုတို၊ ဆောင်းပါးတွေ ရေးသားရင်း စာရေးဆရာမတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူ။ ဒါပေမဲ့ ကလောင်သစ်တော့ မဟုတ်တော့ပါဘူး။ အိမ်စည်စိုးရဲ့ စာတွေက မဂ္ဂဇင်းတွေမှာ တစ်ပုဒ်ပြီးတစ်ပုဒ် ဖော်ပြခံနေရပြီဖြစ်သလို လုံးချင်းဝတ္ထုတစ်အုပ်ကိုလည်း ထုတ်ဝေပြီးသား။ နာမည်ကျော် မဟုတ်သေးပေမဲ့ အထိုက်အလျောက်တော့ နာမည်ရပြီးသား ကလောင်တစ်လက်။ တစ်နေ့မှာ မိုးမြင့်ယံဆိုတဲ့ စာပေဝါသနာပါသူ၊ စာဖတ်အားကောင်းသူ လူတစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မိုးမြင့်ယံရဲ့ ချစ်ခွင့်ပန်မှုကို အိမ်စည်စိုး လက်ခံခဲ့ပါတယ်။ မိုးမြင့်ယံက လူကောင်းတစ်ယောက်ဖြစ်သလို စီးပွားရေးလည်း အဆင်ပြေသူမို့ မကြာခင်မှာပဲ သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြတယ်။ အိမ်ထောင်ဦးကာလမှာ အိမ်စည်စိုးရဲ့ ကလောင်နာမည်ကလည်း ထင်ရှားလာတာမို့ စာအုပ်သစ်တွေ ဆက်ထွက်ဖို့ဖြစ်လာသလို၊ အိမ်ထောင်ရေးကလည်း သာယာတာကြောင့် အပျော်ပေါ် အပျော်ဆင့်နေခဲ့တယ်။ ဒါပေမဲ့ ကံတရားက လူတွေကို လှည့်စားတတ်ပါရဲ့။ ရက်စက်တတ်ပါရဲ့။ မိုးမြင့်ယံတစ်ယောက် ရေနစ်နေတဲ့ ကလေးတစ်ယောက်ကို ကယ်တင်ရင်း အသက်ပေးခဲ့ရတဲ့ နောက်မှာ အိမ်စည်စိုးရဲ့ ဘဝဟာ ရှင်လျက်နဲ့ သေသလို ဖြစ်ခဲ့ရပါတော့တယ်။ စာချစ်သူတို့ရေ … ဆရာမမိုဇာလျန်းဝေရဲ့ ဒီဝတ္ထုလေးက ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ရေးရဲ့ ဖြစ်ပျက်တတ်တဲ့ သဘောတွေကို လှလှပပခြယ်မှုန်းထားတာမို့ ဒီစာအုပ်လေး ဖတ်ရင်း နူးနူးညံ့ညံ့လေး ရင်ခုန်ခံစားလိုက်ရအောင်လားနော်။