လိပ်ပြာလေးရဲ့ ရွှေမင်းသား

မိုဇာလျန်းဝေ

800 Kyats ကျပ်
မောရှမ်းမြေရဲ့ ရေမြေတောတောင် သဘာဝတွေကို နောက်ခံထားပြီး ကြည်နူးရင်ခုန်စရာ လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဝတ္ထုခေါင်းစဉ်လေးကလည်း ချစ်စရာနော်။ ‘လိပ်ပြာလေးရဲ့ ရွှေမင်းသား’ တဲ့။ ခေါင်းစဉ်လေးအတိုင်းပဲ ဇာတ်လမ်းလေးကလည်း တကယ်ကို ချစ်စရာကောင်းပါတယ်။ ဦးစိုင်းသီလရဲ့ တစ်ဦးတည်းသော သမီးလေး နန်းဝသုန်နဲ့ ဦးစိုင်းဗလရဲ့တူ စိုင်းဖုန်းကျော်တို့ရဲ့ အချစ်ပုံပြင်လေးပေါ့။ စိုင်းဖုန်းကျော်က ရန်ကုန်မှာ နေတယ်။ စိုင်းဖုန်းကျော်ကို အိမ်ထောင်ရက်သား ချပေးဖို့ လူကြီးတွေက ကြိုးစားပေမဲ့ ဆရာသမားကတော့ ခေါင်းတခါခါ။ နောက်ဆုံးတစ်ကြိမ်မှာတော့ လူကြီးတွေ စီစဉ်တဲ့အတိုင်း လက်ခံပါ့မယ်ဆိုတာနဲ့ သတို့သမီးအရှာထွက်ကြတော့တာပေါ့။ အဲဒီမှာပဲ မြင်မိတာတော့ ဦးစိုင်းသီလရဲ့ သမီးချောလေး နန်းဝသုန်။ ဒီလောကမှာ စိုင်းဖုန်းကျော်ရဲ့ မဟေသီအဖြစ် နန်းဝသုန်ကလွဲလို့ တခြားမိန်းကလေးကို မမြင်နိုင်တော့ဘူး။ ကဲ … ဇာတ်လမ်းကို အများကြီးတော့ ကြိုမပြောချင်တော့ဘူးနော်။ ဖတ်ကြည့်ပါ။ ဆရာမ မိုဇာလျန်းဝေရဲ့ ထုံးစံအတိုင်း မိသားစု အရှုပ်အထွေး၊ အခင်းအကျင်းတွေကြားမှာ ဘာဆက်ဖြစ်မလဲဆိုတာကို ရင်တခုန်ခုန်နဲ့ တစိမ့်စိမ့် ခံစားပြီး ဖတ်ကြရမယ့် ဇာတ်လမ်းလေးပါ။