လမ်းခွဲမသွားပါနဲ့

မိုဇာလျန်းဝေ

800 Kyats ကျပ်
မေသူစိုးဟာ ကြီးကြီးဒေါ်ရွှေမိရဲ့ အုပ်ထိန်းမှုအောက်မှာ အရွယ်ရောက်လာခဲ့တဲ့ ကောင်မလေးပါ။ ကြီးကြီးဒေါ်ရွှေမိ ကွယ်လွန်သွားပြီးနောက်မှာ မေသူစိုး တစ်ယောက်တည်း လောကမှာ ကျန်ရစ်နေခဲ့ပါတယ်။ ကြီးကြီးအတွက် ပူဆွေးမှုတွေ နည်းနည်း ငြိမ်သက်သွားလောက်တဲ့ တစ်ရက်မှာ ရှေ့နေကြီးက မေသူစိုးကို ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်အိတ် လာပေးခဲ့တယ်။ ကြီးကြီးဒေါ်ရွှေမိရဲ့ သေတမ်းစာပေါ့။ စာအိတ်ကို ဖောက်ဖတ်လိုက်တဲ့အခါ မေသူစိုးတစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားခဲ့ပါတယ်။ ကြီးကြီးရွှေမိရဲ့ သေတမ်းစာအရ ကြီးကြီးရွှေမိ စီမံခဲ့တဲ့ လူတစ်ယောက်နဲ့ မေသူစိုး လက်ထပ်ရမယ်။ ဒါမှ ကြီးကြီးရွှေမိ ထားရစ်ခဲ့တဲ့ အမွေတွေကို မေသူစိုး ပိုင်ဆိုင်ရမှာ။ ဒါပေမဲ့ ဒီအစီအစဉ်ကို မေသူစိုး လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ကဲ … စိတ်ဝင်စားစရာ ဇာတ်အဖွင့်နဲ့ စတင်ထားတဲ့ ဒီဇာတ်လမ်းလေးက ဘာဆက်ဖြစ်လာမလဲဆိုတဲ့ စာဖတ်သူရဲ့ သိလိုစိတ်ကို တစ်ခန်းချင်းစီ နှိုးဆွသွားမှာပါနော်။ ဖတ်ကြည့်ပါဦး။