ရင်နှင့်တမျှ

မိုဇာလျန်းဝေ

800 Kyats ကျပ်
စာချစ်သူတို့ရေ … လူတစ်ယောက်ကို ရင်နဲ့အမျှ ချစ်ခဲ့ကြဖူးသူတွေ ရှိလား။ လူတစ်ယောက်ကို ရင်နဲ့ရင်းပြီး စွဲစွဲမက်မက် မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတဲ့အခါ ဘယ်လို ခံစားရတတ်သလဲ ဆိုတာ နားလည်ကြမှာပေါ့နော်။ ကိုယ်က ချစ်လို့ သူက ချစ်နေတဲ့အခါ ဘယ်လောက်ပျော်ကြရလဲ၊ ကိုယ်က ချစ်ပေမဲ့ သူက မုန်းသွားတဲ့အခါ ဘယ်လိုနာကျင်ရမလဲ။ တကယ်တော့ အချစ်ဆိုတာ ရင်နဲ့အမျှ ချစ်တတ်သူတို့အတွက်တော့ ကြည်နူးစရာနဲ့ နာကျင်စရာတွေ တစ်လှည့်စီဖြစ်တတ်တဲ့အရာပါပဲ။ ဘာကြောင့်လဲဆိုရင် အချစ်နဲ့ အလွမ်းဟာ ကျောချင်းကပ်စာမျက်နှာတွေပဲ မဟုတ်လားနော်။ ဒီဇာတ်လမ်းမှာလည်း သျှားလဲ့ချို ဆိုတဲ့ မိန်းကလေးရဲ့ အချစ်နဲ့ ဘဝအဖြစ်အပျက်တွေကို ဆရာမမိုဇာလျန်းဝေက ကြည်နူးစရာ၊ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလှလှလေးအဖြစ် ပုံဖော်ထားပါတယ်။ အချစ်နဲ့ အလွမ်းကို ရင်နှင့်အမျှ ခံစားနေရသူတွေအတွက်ကတော့ ဒီစာအုပ်လေးက ထိရှစေမှာပါ။ ဖတ်ကြည့်ပါဦးနော်။