ရင်ခွင်နန်းဆီသို့

မိုဇာလျန်းဝေ

800 Kyats ကျပ်
ယွန်းဖြူသော်က ကလေးဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေး တစ်ယောက်။ အဲဒီညနေက ဂျူတီပြီးချိန်မှာ အနားမယူနိုင်သေးဘဲ နယ်က ကြီးတော်ဆီ ပစ္စည်းပို့စရာရှိလို့ ရေမိုးချိုးပြီးတာနဲ့ အပြင်ပြန်ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ လမ်းမှာ ကားအက်ဆီးဒင့်န်တစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။ မိန်းကလေးငယ်တစ်ယောက်နဲ့ ကလေးလေးတစ်ယောက် လမ်းလျှောက်လာရင်းက ကလေးဟာ ရုတ်တရက် လမ်းပေါ် ပြေးအတက်မှာ ကားတစ်စီးနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။ တိုက်မိသွားတာ မဟုတ်ပေမဲ့ ကလေးက ထိတ်လန့်ပြီး မေ့သွားခဲ့ပါတယ်။ ယွန်းဖြူသော်က ပြေးသွားပြီး ကလေးကို ကူညီပေးချိန်၊ ကားပေါ်က လူကလည်း ဆင်းလာပြီး သူ့ကြောင့်ဖြစ်ရတဲ့ ကိစ္စကို တာဝန်ယူဖြေရှင်းပေးပါတယ်။ အဲဒီလူက ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း၊ သူ့ကိုယ်သူ မိတ်ဆက်ပေးပြီး ဆေးရုံကို ကိုယ်တိုင် ပို့ပေးခဲ့တယ်။ ခန့်ခန့်ချောချောနဲ့ ယောက်ျားဆန်ဆန် သန့်ပြန့်တဲ့ ဆရာဝန်လေးကို ယွန်းမေသော် မြင်မြင်ချင်း ရင်ခုန်မိခဲ့သလို၊ ဒေါက်တာရှင်းသန့်ကျော်ကလည်း ယွန်းမေသော်ကို စွဲလန်းမိသွားခဲ့တယ်။ ဖြစ်ချင်တော့ ဒေါက်တာရှင်းသန့်ကျော်က ယွန်းမေသော် တာဝန်ကျတဲ့ ဆေးရုံကို ပြောင်းလာတဲ့ ဆရာဝန်တစ်ယောက် ဖြစ်နေတဲ့အခါ …