မျက်ဝန်းထဲမှာဝေတဲ့နှင်း

မိုဇာလျန်းဝေ

800 Kyats ကျပ်
စာမြည်း။ ။ ဇွန်ပွင့်ငုံနှင့် မြတ်ထွဋ်ခိုင်တို့ စေ့စပ်တော့မည်ကို သိလိုက်ရသော သိန်းထွန်းဝင်းရဲ့ ရင်ထဲမှာ ဗုံးတစ်လုံး ကွဲသလို အသည်းတွေ နှလုံးတွေ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားသည်။ သူ ကြံရွယ်သော စပယ်ကုံးလေးကို ဦးစွာ ပန်နှင့်သူက ရှိပြီးသားပါလား။ သိန်းထွန်းဝင်းက အလွန် စိတ်မကောင်း ဖြစ်နေသည်။ မြတ်ထွဋ်ခိုင်ထက် အရင် ဇွန်ပွင့်ငုံကို ဖွင့်မပြောခဲ့သည်မှာ မှန်ပါလားဟု တွေးသည်။ “ပွင့်ငုံက မြတ်ထွဋ်ခိုင်ကို ချစ်နေတော့၊ ငါဖွင့်ပြောရင် အလကားဖြစ်မှာပဲ” “ငါ သိပ်မြတ်နိုးတဲ့ မိန်းကလေးကို အချစ်ဆုံး သူငယ်ချင်းက ပိုင်ဆိုင်လိုက်တာကို ငါ ကျေနပ်ဝမ်းသာရမှာပဲ” “ပွင့်ငုံ စေ့စပ်တဲ့နေ့မှာ လက်ဆောင်ကောင်းကောင်း ပေးရမယ်” “မေမေ့ဆီမှာ ဘာပေးရမလဲလို့ မေးကြည့်ရမယ်” သိန်းထွန်းဝင်းက ဇွန်ပွင့်ငုံအတွက် အမှတ်တရ လက်ဆောင် ကောင်းကောင်းပေးရန် ဆုံးဖြတ်သည်။ သိန်းထွန်းဝင်းက ထိုသို့ ဆုံးဖြတ်ပြီး သူ့အမေရှိနေသော အိပ်ခန်းတွင်းသို့ ဝင်လိုက်သည်။ စေ့စပ်မည့် နေ့မှာ ဇွန်ပွင့်ငုံကို မေဇင်ဦးက မိတ်ကပ် အလှပြင်ဆရာနှင့် ပြင်ပေးသည်။ ရှိရင်းစွဲ အလှအပေါ်မှာ ထပ်ပြီး ဖြည့်စွက်လိုက်တော့ ဇွန်ပွင့်ငုံက ပို၍ လှနေသည်။ မြတ်ထွဋ်ခိုင်က ဖြူစင်လွန်းသော ဇွန်ပွင့်ငုံကို ပိုင်ဆိုင်ရမည့်အတွက် အလွန် ဝမ်းသာနေသည်။ စေ့စပ်ပွဲကို စည်ကားစွာပဲ ကျင်းပလိုက်သည်။ ဖိတ်ကြားထားသော ဧည့်သည်ထဲမှာ ခင်မေလတ်ကလည်း ရောက်လာသည်။ ခင်မေလတ်ကို မြင်ပြီး မြတ်ထွဋ်ခိုင်ရော မိသားစုပါ အလွန် အံ့ဩနေသည်။