မဝေးချင်တော့ဘူး
မိုဇာလျန်းဝေ
800 Kyats ကျပ်
ပန်းတွေကို ချစ်မြတ်နိုးတဲ့ ချိုလဲ့ရီဟာ ပန်းဥယျာဉ်ခြံကြီးကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဂန္ဓမာပန်းတွေကို ဂရုတစိုက် စိုက်ပျိုးပြီး ဝင်ငွေရှာဖွေနေတဲ့ ချိုလဲ့ရီရဲ့ဘဝထဲ ဝင်ရောက်လာခဲ့တဲ့ အမျိုးသားတစ်ယောက်က မိုးဇင်သိန်း။ ကောင်းသောလာခြင်းနဲ့ စဝင်လာတာတော့ မဟုတ်ဘူး။ မိုတယ်ဆောက်ဖို့အတွက် ချိုလဲ့ရီရဲ့ ပန်းဥယျာဉ်မြေကို လာတောင်းဝယ်ခဲ့တာ။ မြတ်နိုးစိတ်နဲ့ လုပ်ကိုင်နေတဲ့ ပန်းလုပ်ငန်းကို ချိုလဲ့ရီ ဘယ်အဆုံးရှုံးခံပြီး ရောင်းမလဲ။ ဒီတော့ စကားများကြတာပေါ့။ ချိုလဲ့ရီမှာ ချိုသက်ကြည်ဆိုတဲ့ ညီမလေးတစ်ယောက် ရှိတယ်။ အဲဒီနေ့က မိုးဇင်သိန်းဟာ ညီအစ်မ နှစ်ယောက်စလုံးနဲ့ တွေ့ခဲ့ရပြီး နှစ်ယောက်စလုံးရဲ့ အလှကိုယ်စီကို သတိထားမိခဲ့တယ်။ ကဲ … ဒီလောက်ဆိုရင် မိုးဇင်သိန်းနဲ့ ချိုလဲ့ရီတို့ ညီအစ်မကြားက အခြေအနေတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စာချစ်သူတို့ ကိုယ်တိုင်ပဲ ခံစားကြည့်ပါဦးနော်။