တွယ်တာစိတ်တွေ သူ့ဆီမှာ

မိုဇာလျန်းဝေ

800 Kyats ကျပ်
ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး ဦးခင်မောင်ဆွေရဲ့ တစ်ဦးတည်းသောသား ကိုမြင့်ဆွေဟာ ဖခင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ကျိုးနွံစွာ ကြီးပြင်းလာခဲ့သူပါ။ အရွယ်ရောက်လာတဲ့အခါ တက္ကသိုလ်တက်တော့ တက္ကသိုလ်ကျောင်းမှာ သက်သက်ဆိုတဲ့ တစ်တန်းတည်း ကျောင်းသူလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။ ဂုဏ်မရှိ၊ ငွေကြေး မပြည့်စုံပေမဲ့ သက်သက်ဟာ သဘောထားပြည့်ဝပြီး လှပတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ ဦးခင်မောင်ဆွေက သဘောမတူခဲ့ဘူး။ ကိုမြင့်ဆွေဟာ ဖခင်ကို တော်လှန်ပြီး ချစ်သူကို လက်ထပ်ခဲ့တယ်။ ဆင်းဆင်းရဲရဲနဲ့ နေရပေမဲ့ ချစ်သူနဲ့ဆို တဲအိုပျက်လည်း ကရမက်နန်းတော်၊ မိုးမျှော်ငြုပ်သီးကို ပန်းသီးမှတ်ရင်း၊ ထမင်းကြမ်းမာမာကိုလည်း နတ်သုဒ္ဓါလို သဘောထား၊ အပျော်ကြီး ပျော်ခဲ့ကြပါတယ်။ ကိုမြင့်ဆွေနဲ့ သက်သက်မှာ သမီးလေးတစ်ယောက် ရလာခဲ့တယ်။ သမီးလေးကို သက်ထားဆွေလို့ နာမည်ပေးခဲ့ကြတယ်။ ပျော်စရာမိသားစုလေးအဖြစ်နဲ့ သူတို့ နေထိုင်ခဲ့ကြရာမှာ သက်ထားဆွေ (၁၅)နှစ်အရွယ်ရောက်တော့ ဒေါ်သက်သက် ကွယ်လွန်ခဲ့တယ်။ ဒီလိုနဲ့ … သက်ထားဆွေ ကျောင်းပြီးတဲ့အထိ သားအဖနှစ်ယောက် ရပ်တည်ခဲ့ကြရင်း ဘွဲ့ရပြီးချိန်မှာ ဦးမြင့်ဆွေလည်း ဇနီးသည်နောက်ကို လိုက်သွားခဲ့တယ်။ လောကအလယ်မှာ မိမဲ့ဖမဲ့ ဖြစ်သွားရှာတဲ့ သက်ထားဆွေတစ်ယောက် ဘဝကို ဘယ်လိုရှေ့ဆက်ရင်း ဘယ်လို ချစ်သူမျိုးနဲ့ ဆုံရလေမလဲ၊ မိသားစုနောက်ကြောင်းခံ အခြေအနေတွေက သက်ထားဆွေဘဝကို ဘယ်လို လွှမ်းမိုးလာမလဲ ဆိုတာတော့ …