ခံစားချက်ရဲ့ စေစားရာ

မိုဇာလျန်းဝေ

800 Kyats ကျပ်
စုယဉ်ဘုန်းက တဆတ်ဆတ်တုန်ယင်နေသော လက်တွေနှင့် စာကိုပြီးဆုံးအောင် ဖတ်လိုက်သည်။ စုယဉ်ဘုန်းရဲ့ မျက်နှာမှာ သွေးမရှိတော့သလောက် ဖြစ်သွားသည်။ မျက်လုံးလေး ပြူးကြောင်ပြီး ကျောက်ဆစ်ရုပ်ကလေးကို တောင့်တောင့်ကလေး ဖြစ်နေသည်။ စုယဉ်ဘုန်းထံသို့ အားလုံးရဲ့အကြည့်က ကျရောက်နေသည်။ “စုယဉ် ဘာဖြစ်လို့” စုယဉ်ဘုန်းသည် အံ့သြထိတ်လန့်စရာ တစ်ခုခုနှင့် တွေ့လိုက်ပြီဆိုတာ အေးအေးကသိပြီး မေးလိုက်သည်။ တုန်ယင်ပြီး ကြောင်စီစီဖြစ်နေသော စုယဉ်ဘုန်းကို အေးအေးက ဆွဲလှုပ်လိုက်ပြီးမေးသည်။ စုယဉ်ဘုန်းက လက်ထဲကစာ လွတ်ကျပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ငိုရှိုက်ပြီး အိပ်ခန်းထဲကို ပြေးဝင်သွားသည်။ အိပ်ခန်းတံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။ အေးအေးက စုယဉ်ကျန်ရစ်ခဲ့သောစာကို ကောက်ဖတ်ပြီးသူပါ ထိတ်လန့်သွားသည်။ “အောင်မယ်လေး ဒုက္ခပါပဲ၊ လက်ထပ်ခါနီးမှ သတို့သားက ပွဲဖျက်လိုက်ပြီ”